CDF-Matupi /MRO အနေဖြင့် ကျူးကျော်တပ်စခန်းနဲ့တပ်ဖွဲ့ဝင်များကိုအပြန်ဆုံးရုတ်သိမ်းရန် အသိပေး
Chinland Channel / ၁၄ ဇူလိုင် ၂၀၂၅
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အတွင်းရှိ Chin Defense Force – Matupi/ MRO အနေဖြင့် Chinland Defense Force – Matupi ထိန်းချုပ်ဧရိယာအတွင်း ကျူးကျော်တပ်စခန်ချထားတာနဲ့ တပ်ဖွဲ့ဝင်များကို အမြန် ဆုံး ရုတ်သိမ်းပေးရန် ဇူလိုင်လ ၁၃ ရက်မှာအသိပေးထုတ်ပြန်ထားပါတယ်။
Chin Defense Force – Matupi / MRO ဟာ ICNCC/ ချင်းညီနောင်နဲ့ လက်တွဲပြီး Chinland Defense Force – Matupi ဟာ ချင်းပြည်ကောင်စီနဲ့လက်တွဲခြင်းဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ CDF-Matupi/MRO မှ အင်အား အလုံးအရင်းဖြင့် Chinland Defesne Force – Matupi ထိန်းချုပ်ဒေသ၊ တပ်ရင်း ၃ နယ်မြေကိုကျူးကျော် ခဲ့တာ ဖြစ်ပါတယ်။
Chinland Defesnse Force – Matupi ဟာ လက်ရှိချင်းပြည်အတွင်းဖြစ်ပွားနေတဲ့ပြသနာ ပိုမိုမကြီးထွား အောင် နဲ့ မတူပီအတွင်း အရင်ကဖြစ်ပွားခဲ့တဲ့ပဋိပက္ခများပြေလည်နိုင်အောင် ဘာသာရေးခေါင်းဆောင်များရဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းမှုများအပေါ်အခြေခံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်များပေါ်ပေါက်လာစေနိုင်ရေး အစွမ်းကုန်ကြိုးပမ်း လျက်ရှိပါတယ်။
ဒါပေမယ့် Chin Defesnse Force – Matupi/MROနဲ့ မဟာမိတ် ဘက်က ဇူလိုင်လ ၁၀ ရက်နေ့မှာ အင်အားအလုံးအရင်း ဖြင့် မိမိတို့ထိန်းချုပ်နယ်မြေအတွင်းရုတ်တရက်စစ်ကြောင်းထိုး၊ တပ်စခန်းများချခြင်းနဲ့ မိမိတို့ရဲဘော်များကို ခေတ္တ ဖမ်းဆီးထိန်းသိမ်းခြင်းများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ယခုလိုလုပ်ဆောင်နေတာဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၀ ရက်၊ စောင်ထီယားကျေးရွာမှာတွေ့ဆုံကြစဉ်သဘောတူညီ ခဲ့ကြတဲ့အချက် ၁။(ခ) မိမိတို့ထိန်းချုပ်တပ်စွဲတဲ့ရှိယင်းစွဲနေရာမှ ရှေ့ဆက်မတိုးရန် ဆိုတဲ့အချက်ကိုချိုးဖောက်တဲ့ အပြင် ၂၀၂၅ ခုနှစ် မေလ ၁၀ ရက်နေ့ ထန်ပိန်းကျေးရွာမှာ ဘာသာရေးခေါင်းဆောင်များပါဝင်တဲ့ ငြိမ်းချမ်းရေး ကော်မတီမှတစ်ဆင့် တွေ့ဆုံခဲ့တဲ့သဘောတူညီချက် အချက် (၈) နှစ်ဖက်ကာကွယ်ရေးဆိုင်ရာဆောင်ရွက်ရန် ကိစ္စ ရပ်များကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး အချင်းချင်းလေးစားစွာ ဆောင်ရွက်ရန် ဆိုတဲ့အချက်များကို ချိုးဖောက်ခဲ့ကြ တယ်လို့ဆိုပါတယ်။
Chin Defense Force – Matupi ရဲ့လုပ်ဆောင်ချက်များဟာ လက်ရှိဖော်ဆောင်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ် အား ရပ်တန့်စေနိုင်ပြီးနှစ်ဖက်စစ်ရေးပဋိပက္ခများဖြစ်ပွားလာနိုင်တဲ့အပြင်အရပ်သားပြည်သူများအတွက် ထိခိုင်ဆုံးရှုံး မှုများစွာဖြစ်ပွါးစေနိုင်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် Chin Defesnse Force – Matupi /MRO နဲ့မဟာမိတ်များအနေဖြင့်လက်ရှိကျူးကျော် တပ်စခန်း များနဲ့ တပ်ဖွဲ့ဝင်များအားအမြန်ဆုံးပြန်လည်ရုတ်သိမ်းပေးရန်နဲ့ မလိုက်နာပါက နောက်ဆက်တွဲပြသနာများဟာ Chin Defesnse Force – Matupi /MRO ရဲ့တာဝန်သာဖြစ်မှာဖြစ်ပြီး မိမိတို့အနေဖြင့် မိမိကိုယ်ကိုခုခံကာကွယ် ပိုင်ခွင့်ကိုကျင့်သုံးသွားမှာဖြစ်ကြောင်း Chinland Defnse Force – Matupi က ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။
သတင်း – Jessie
ပုံအညွှန်း – Chinland Defesnse Force – Matupi ရဲဘော်များ
ဓါတ်ပုံ- Chinland Defense Force – Matupi


