October 6, 2025

CDF-Matupi တပ်မဟာ(၂)အမည်ကို Chinland Defense Force-Matupi အဖြစ်ပြောင်းလဲသတ်မှတ်

0

Chinland Channel/ ၁ ဇွန် ၂၀၂၅

Chinland Defense Force-Matupi တပ်မဟာ(၂)ကို Chinland Defense Force-Matupi အဖြစ် တရားဝင်ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မေလ ၃၁ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ ၄နှစ်ပြည့်နှင့် တပ်မဟာ (၂) ဒု-တိယအကြိမ် ညီလာခံကို မေလ ၂၈နှင့်၂၉ရက်တို့တွင် ကျင်းပခဲ့ပြီး CDF-Matupi တပ်မဟာ(၂) အမည်နာမ၊ အမှတ်တံဆိပ်၊ ရုံးတံဆိပ်အား ပယ်ဖျက်ကာ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီအဖြစ် ပြန်လည်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်တော်လှန်ရေး ၄နှစ်တာကာလတိုက်ပွဲများတွင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီမှ ရဲဘော် ၁၄ ဦးကျဆုံးခဲ့ပြီး ကိုယ်အင်္ဂါဆုံးရှုံးသူ ၆ ဦးနှင့် အမြင်အာရုံဆုံးရှုံးသူ ၂ ဦးအပါအဝင် ဒဏ်ရာရသူ ၄၀ ကျော်ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

CDF-Matupi မှ ကျဆုံးသူများနှင့် အနစ်နာခံပေးဆပ်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ ပြည်တွင်း/ပြည်ပမှ အဖွဲ့အစည်းများ၊ ပြည်သူများ၏ ထောက်ပံ့မှုအတွက် ကျေးဇူးတင်ကြောင်းဖော်ပြကာ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်ပံ့ပိုးရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဧပြီလ၁၀ရက်နေ့တွင်လည်း Chinland Defense Force – Matupi ၊ တပ်မဟာ – ၁ အဖွဲ့မှ ၎င်းတို့၏အမည်နာမကို Chin Defense Force Matupi အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပြီး မတူပီတော်လှန်ရေးအဖွဲ့ချုပ် (Matupi Revolutionary Organization – MRO)ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

လက်ရှိမတူပီမြို့နယ်တွင် ချင်းညီနောင်အဖွဲ့ဝင် Chin Defense Force – Matupiနှင့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် Chinland Defense Force – Matupi နှစ်ခုဆက်လက်တည်ရှိနေခြင်းဖြစ်သည်။

သတင်း-Joshua
ဓာတ်ပုံ- Chinland Defense Force – Matupi
ပုံအညွှန်း -Chinland Defense Force – Matupi ရဲဘော်များ

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed