October 6, 2025

CDF – KKG Major Operation ရံပုံငွေဂီတ ဖျော်ဖြေပွဲကျင်းပမည်

0

Chinland Channel ၊ ၂၅ မေ၊ ၂၀၂၅ ခုနှစ်။

CDF-KKG Major Operation အတွက် ရံပုံငွေရှာဖွေတဲ့ ဂီတဖျော်ဖြေပွဲ တစ်ရပ်ကို တောင်ကိုရီးယားမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။ ဒီရံပုံငွေဂီတပွဲကို ဒေါင်းညီနောင်၊ We Love Mother Land – Korea တို့ကနေ ပူးပေါင်းစီစဉ်တာ ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့ညမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် CDF-KKG Major Operation ရံပုံငွေကံစမ်းမဲလက်မှတ်ကိုလည်း ရောင်းချနေကြောင်း သိရပြီး အထူးဆုအနေနဲ့ iPhone 16 Pro Max ကိုထည့်သွင်းထားတယ်လို့ သိရပါတယ်။

“ ပွဲဖြစ်မြောက်ရေးကတော့ ကျနော်တို့ ကလေးတောင်ပိုင်းက ကမ်းပါးနီစခန်းကို သိမ်းပြီးတဲ့နောက်ပိုင်း အခုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မိပြီးတော့ CDF-KKG Major Operation အတွက် ဆိုပြီးတော့ ရံပုံငွေရှာပေးတာလေး ဖြစ်လာတာပေါ့နော်။ ဒီဂီတပွဲကနေ ရလာတဲ့အကျိုးအမြတ်အားလုံးကိုလည်း CDF-KKG ကို ရာနှုန်းပြည့် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလတ်တလော စစ်ရေးအခြေနေတွေမှာဆိုရင် ကြံသာရွာကို ပြန်ရဖို့ ထိုးစစ်ဆင်မယ်လို့ သတင်းရထားတယ်။ တကယ်လည်း စစ်ရေးလှူပ်ရှားမှုတွေ လုပ်လာနေတာ ရှိပါတယ်။ ကျနော်တို့ဘက်လည်း ပြန်လက်မလွှတ်ရရေးအတွက် ခုခံမှုကာလဖြစ်သလို၊ စစ်ရေးအရှိန်ပိုမြင့်နိုင်ဖို့အတွက်လည်း မိဘပြည်သူအပေါင်းကလည်း ကူညီပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အခုဂီတပွဲနဲ့ ကံစမ်းမဲလက်မှတ် စီစဉ်ပေးသူတွေကိုလည်း အထူးကျေးဇူးတင်ကြောင်း ဖော်ပြလိုပါတယ်။ “ – လို့ CDF KKG ဗဟိုပြန်ကြားရေးတာဝန်ခံက Chinland Channel ကိုပြောပါတယ်။

CDF-KKG Major Operation ကို CNA စစ်ရေးဦးဆောင်မှုနဲ့အတူ မဟာမိတ်တပ်များနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီလမှာ စတင်ခဲ့ပြီးနောက် ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ (အရှေ့၊အနောက်)၊ ကြံသာ အစရှိတဲ့ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ ပျူစောထီးများအား မကွေးတိုင်း၊ ဟံသာဝတီရွာဘက်နေတဆင့် ပြန်လည်ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CDF KKG

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed