October 6, 2025

CDF-Kanpetlet တပ်ရင်း (၇) ကို စစ်ချုပ်စနစ်ဖြင့် ပြောင်းလဲဖွဲ့စည်းပြီး ချင်းလဲန်းကောင်စီတပ်အဖြစ် ဆက်လက်ရပ်တည်မည် ဖြစ်ကြောင်း ကန်ပက်လက်ကောင်စီ ထုတ်ပြန်

0

Chinland Channel / ၂၇ နိုဝင်ဘာ ၂၀၂၄ 

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီလက်အောက်ခံ CDF-Kanpetlet တပ်ရင်း (၇) ကို ရည်ရွယ်ချက်၊ ရည်မှန်းချက် ပန်းတိုင်တူညီတဲ့ အခြားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဒေသအသီးသီးက လူငယ်တွေ စုဖွဲ့ပြီး တော်လှန်ရေးကို အရှိန်မြင့်တင်နိုင်ဖို့အတွက် CDF-Kanpetlet တပ်ဖွဲ့စည်းပုံကို စစ်ချုပ် စနစ်နဲ့ ပြောင်းလဲဖွဲ့စည်းပြီး ချင်းလဲန်းကောင်စီတပ်အနေနဲ့  ဆက်လက်ရပ်တည်မယ်လို့ ကန်ပက်လက်ကောင်စီကနေ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

ဒီထုတ်ပြန်ချက်နဲ့ ပါတ်သက်ပြီး – “ ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်းပေါ့နော်။ ကျနော်တို့  သဘောတူညီချက်တွေ ရှိခဲ့တယ်။ ဒါတွေကို တဖက်က ဖောက်ဖျက်၊ မလိုက်နာခဲ့ဘူးပေါ့။ သူတို့မဟာမိတ်အဖွဲ့အစည်းအားကိုးနဲ့ စိတ်ထင်တိုင်း လုပ်တာတွေကိုလည်း ပြည်သူက မနှစ်မြို့၊ သဘောမကျဘူး။ ကျနော်တို့ဘက်ကနေလည်း အကြိမ်ကြိမ်ကြိုးပမ်းခဲ့တာတွေ၊ အလိုက်သိခဲ့တာတွေ၊ နှစ်ဖက်ပွတ်တိုက်မှု မဖြစ်အောင် ရှောင်ရှားခဲ့တာတွေ ရှိပါတယ်။ အခုလည်း ပြည်သူဘက်ကို မျက်နှာမူပြီး ကျနော်တို့ အတတ်နိုင်ဆုံး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ကျနော်တို့ တော်လှန််ရေးအတွက်၊ အမျိုးသားတည်ဆောက်ရေးအတွက် ပိုမိုကြိုးစားနိုင်အောင် ၊ အဲ့လိုကြိုးစားမှုကို ပိုမိုအရှိန်မြင့်နိုင်အောင်လို့ အခုလို တပ်ဖွဲ့စည်းပုံကို စစ်ချုပ် စနစ်နဲ့ ပြောင်းလဲဖွဲ့စည်းလိုက်တာပါ။ ချင်းပြည် (Chinland) ကောင်စီနဲ့ လက်တွဲလို့ ပြည်သူအတွက်၊ အမျိုးသားရေးအတွက် ပိုမိုကြိုးစားသွားပါမယ် “ – လို့ ကန်ပက်လက်ကောင်စီမှ တာာဝန်ရှိသူတစ်ဦးက Chinland Channel ကို ပြောပါတယ်။ 

လက်ရှိမှာ ကန်ပက်လက်မြို့နယ်အတွင်း နှစ်ဖက်အဖွဲ့ကြား တင်းမာမှုရှိနေသလို၊ စစ်ရေး နယ်ပယ်ချဲ့မှုတွေ၊ ကျူးကျော်မှုတွေ ကို ချင်းညီနောင်အဖွဲ့ဝင် ကန်ပက်လက်(CDF) ဘက်ကနေလည်း လုပ်ဆောင်နေတာရှိပြိီး၊ သူတို့အနေနဲ့ကတော့ ပြည်သူ့အသက်အိုးအိမ် လုံခြုံမှုကို အဓိကထည့်သွင်းပြီး ကိုင်တွယ်နေတယ်လို့ ၎င်းတာဝန်ရှိသူက ထပ်လောင်းပြောကြားပါတယ်။ 

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း ချင်းလဲန်းကောင်စီလက်အောက်ခံ ကန်ပက်လက်ကောင်စီ မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်ကို ချင်းညီနောင်တပ်ဖွဲ့ဘက်က ဝင်ရောက်စီးနင်းမှုဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ 

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed