CDF CDM Siyin နာမည်ကိုအလွဲသုံးပြီး ငွေကောက်ခံသူနှစ်ဦးအားဖမ်းဆီး
Chinland Channel / ၂၅ ဧပြီ ၂၀၂၅
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း CDF CDM Siyin ရဲ့အမည်နာမကိုအလွဲသုံးစားလုပ်ပြီး ပြည်သူများထံ ငွေကောက်ခံတဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးထားတယ်လို့ CDF CDM Siyin က ဒီကနေ့သတင်းထုတ်ပြန် ထားပါတယ်။
အဆိုပါလူ နှစ်ဦးဟာ Min Pum Kim အသက် ၃၄ နှစ် နဲ့ Pum Ngin အသက် ၃၃ နှစ်တို့ဖြစ်ကြကာ အရင်ရက်တွေကလည်း အဖွဲ့အစည်းပိုင်ပစ္စည်းများကို ခိုးယူရောင်ချခြင်း၊ အများပြည်သူများထံ အဖွဲ့အစည်း နာမည်သုံးပြီး ငွေကြေးကောက်ခံတာမျိုးလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ သိုင်းငင်းတိုက်ပွဲအပြီး ရက်ပိုင်းမှာ အဖွဲ့ပိုင်ပစ္စည်းတစ်ချို့ကို ခိုးယူရောင်းစားခဲ့လို့ ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းကာ သတိပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာတစ်ကြိမ် တီးတိန်မြို့ ထဲကိုဝင်ရောက်ပြီး အဖွဲ့အစည်းနာမည်ကိုအလွဲသုံးစားလုပ်ပြီး တောင်းရမ်းတဲ့အပြင် ကျေးရွာအတွင်းခရီး သွားပြည်သူများအပေါ်လည်း တားဆီးတောင်းရမ်းတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် သူတို့ရဲ့ဒေသခံကျေးရွာလူကြီးများနဲ့ ဆွေးနွေးညှိနှိုင်းပြီး အဆိုပါလူနှစ်ဦးကို နောက်ဆုံးအကြိမ် အဖြစ် သတိပေးဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။
နောက်နောင်မှာလည်း ဒေသအတွင်းတွင်ယခုလိုမျိုး အဖွဲ့အစည်းနဲ့ တော်လှန်ရေးကို ထိခိုက်စေတဲ့ ပြုမှုဆောင်ရွက် ချက်များ ရှိလာပါက မိဘပြည်သူများနဲ့ ပူးပေါင်းပြီး ပြင်းထန်စွာ အရေးယူသွားမှာ ဖြစ်ကြောင်း၊ အမှန်တရားအတွက် ဝိုင်းဝန်းပါဝင်ပေးကြတဲ့ ပြည်သူများအပေါ်လည်း ကျေးဇူးအထူးတင်ရှိ ကြောင်းဖော်ပြထားပါတယ်။
သတင်း – Jessie
ပုံအညွှန်း – CDF CDM အမည်သုံးပြီးတောင်းရမ်တဲ့ အမျိုးသားနှစ်ဦး
ဓါတ်ပုံ – CDF CDM Siyin
