October 6, 2025

CDF-Asho မှာစစ်သင်တန်းတက်ရောက်နေတဲ့ ဆလိုင်းရဲမင်းနိုင်ကျဆုံး

0

Chinland Channel / ၁၀ ဩဂုတ် ၂၀၂၅

ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှိုဖွင့်လှစ်ထားတဲ့ အခြေခံစစ်ပညာသင်တန်းတက်ရောက်နေတဲ့ ဆလိုင်းရဲမင်းနိုင်ဟာ ဩဂုတ် ၇ ရက်နေ့မှာ ကျဆုံးသွားတယ်လို့ CDF-Asho က ထုတ်ပြန်ထားပါတယ်။

သင်တန်းသား ဆလိုင်းရဲမင်းနိုင်ဟာ တော်လှန်ရေးတာဝန်ထမ်းဆောင်ရန်အတွက် သင်တန်းတက်နေစဉ်အတွင်း နေမကောင်းဖြစ်ပြီးရုတ်တရက်ကျဆုံးတာလို့ဆိုပါတယ်။

ဆလိုင်းရဲမင်းနိုင် ကျဆုံးတာဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှိုအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ဆလိုင်းရဲမင်းနိုင်ဟာ စုဆောင်ရေးကာလနဲ့ သင်တန်းသားကာလမှာလည်း ပေးအပ်တဲ့တော်လှန်ရေးတာဝန်များ ကို အသက်နဲ့ခန္ဓာစွန့်ပြီးကျေပွန်စွာ ထမ်းဆောင်ခဲ့လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှိုမှများစွာဂုဏ်ယူတယ်လို့ ဆိုပါ တယ်။

ယခုအခါ ဆလိုင်းရဲမင်းနိုင်ကတော်လှန်ရေးတာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့ပြီးဖြစ်တာကြောင့် ငြိမ်ချမ်း စွာအနားယူနိုင်ပြီဖြစ်ကြာင်း၊ ယနေ့မှစပြီး CDF-Asho နဲ့သက်ဆိုင်ခြင်းမရှိတော့ကြောင်း သွားလိုရာသွားနိုင်ပြီ ဖြစ်ကြောင်း CDF-Asho က အမိန့်ပြန်တမ်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

သတင်း – Jessie
ပုံအညွှန်း – ကျဆုံးရဲဘော် ဆလိုင်းရဲမင်းနိုင်ရဲ့ အသုဘအစီအစဉ်မြင်ကွင်း
ဓါတ်ပုံ – CDF-Asho

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed