October 6, 2025

Breaking News : ထန်တလန်မြို့ရှိ အော်တိုတောင်ကို ချင်းပြည်အစိုးရတပ်ဖွဲ့မှ ပြန်လည်သိမ်းပိုက်ရရှိ၊ စကစမှ လေကြောင်းဖြင့် အပြင်းအထန် တိုက်ခိုက်နေ 

0

Chinland Channel / ၈ ဒီဇင်ဘာ ၂၀၂၄ 

ထန်တလန်မြို့အနီးက အော်တိုတောင်ကို ချင်းပြည်အစိုးရအဖွဲ့က ပြန်လည်သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း သိရကာ၊ လက်ရှိမှာ စစ်ကောင်စီဘက်ကနေ လေကြောင်းနဲ့ အပြင်းအထန် ပြန်လည်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

လက်ရှိ စစ်ရေးအခြေအနေနဲ့ ပါတ်သက်ပြီး – “ ဒီကနေ့ ညနေ ၃ နာရီ မိနစ် ၃၀ လောက်မှာ အော်တိုတောင် တခုလုံးကို စိုးမိုးနိုင်ခဲ့ပါပြီ။ မြေပြင်ဘက်ကနေ အသေးစိတ်သတင်းပို့ချက် မလာသေးတာမို့ အသေးစိတ်တော့ ပြောလို့ မရသေးဘူး။ လက်နက်တချို့ရတယ်၊ ထန်တလန်ဘက်ကနေ ဆုတ်ခွာကြတာတွေရှိတယ်လို့ သိရတယ်။ လက်််ရှိမှာ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်နေတယ်။ “ – လို့ ချင်းလဲန်ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ CNF/A ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chinland Channel ကိုပြောပါတယ်။ 

အော်တိုတောင်ကို လွန်ခဲ့တဲ့လများဆီက ချင်းပြည် အစိုးရတပ်ဖွဲ့ကနေ ထန်တလန်စစ်ဆင်ရေးအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကနေ အပြင်းအထန် ပြန်လည်ထိုးစစ်ဆင်ချိန်မှာ ပြန်လည် လက်လွှတ်ခဲ့ရတာပါ။ အခု ဒီဇင်ဘာ ၈ ရက်နေ့မှာ တဖန်ပြန်လည် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီစစ်ရေးနဲ့ ပါတ်သက်ပြီး နောက်ဆက်တွဲသတင်းများကို Chinland Channel နဲ့ သတင်းရရှိမှုအပေါ် မူတည်ပြီး ဆက်လက်တင်ဆက်သွားပါမယ်။ 

ပုံအညွန်း – ထန်တလန်ရှေ့တန်း တနေရာမှ ချင်းပြည်အစိုးရတပ်ဖွဲ့

ဓါတ်ပုံ – Chinland Channel 

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed