October 6, 2025

Breaking News : မွာလ်ပီး ကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

0

Chinland Channel / ၅ ဇူလိုင် ၂၀၂၅

ကလေးမြို့ကနေ ချင်းပြည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းရဲ့ နောက်ဆုံးခံစစ်စည်းဖြစ်တဲ့ စီးယင်းဒေသ မွာလ်ပီးကျေးရွာကို ဒီနေ့ ဇူလိုင် ၅ ရက်မှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေကနေ သိမ်းပိုက်လိုက်ပြီ လို့ Chinland Channel ရဲ့ ရှေ့တန်းမြေပြင် သတင်းထောက် သတင်းပို့ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ မွာလ်ပီးကျေးရွာကို ယနေ့မနက် ၆ နာရီကျော်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပြီး စကစတပ်ဟာ အထိအခိုက်အကျအဆုံး များစွာနဲ့ ကလေးမြို့အထိ ဆုတ်ခွာပြေးသွားခဲ့ရတာ ဖြစ်ပါတယ်။

ယနေ့ညနေပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး၊ လက်နက်ခဲယမ်းတွေနဲ့ ရန်သူ့ အလောင်းတွေကိုလည်း သိမ်းဆည်းမိတာ ရှိပါတယ်။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲ ဖြစ်တာမို့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ တနေ့တာနီးပါးကြာမြင့်တဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ကျဆုံးမှု ရှိခဲ့သလို ဒဏ်ရာရဲဘော်တွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။

Chinland Channel အနေနဲ့လည်း ရှေ့တန်းမှာအနီးကပ်နေထိုင်ပြီး သတင်းယူနေတာမို့ နောက်ဆက်တွဲ သိရသမျှ၊ ဖော်ပြလို့ ရသမျှကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ပုံအညွန်း – စကစတပ် တပ်စွဲထားခဲ့သည့် စေတီကုန်း

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed