October 6, 2025

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက် စတင်ကောက်ယူနေ

0

Chinland Channel/ ၄ သြဂုတ် ၂၀၂၅

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက် (biometric enrolment ) ကောက်ယူမှုကို ဇူလိုင်လနောက်ဆုံးပတ်မှ စတင်ကောက်ယူနေပြီဖြစ်ကြောင်း မီဇိုရမ်သတင်းများအရ သိရသည်။

မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်ကောက်ယူမှုကို မီဇိုရမ်ပြည်နယ်၊ Serchhip၊ Lunglei၊ Champhai၊ Saitual၊ Khawzawl၊ Aizawl၊ Lawngtlai၊ Mamit၊ Siaha၊ Kolasib နှင့် Hnahthial ခရိုင်များတွင် ဇူလိုင်လ ၂၈ ရက်မှစတင်၍ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာစစ်ဘေးရှောင်အများဆုံးနေထိုင်သည့် Champhai ခရိုင်၌ ဇူလိုင်လ ၃၀ ရက်နေ့တွင် စတင်ခြင်းမည်ဖြစ်သော်လည်း နည်းပညာအခက်အခဲများကြောင့် အမှန်တကယ် စတင်နိုင်ခြင်း မရှိသေးကြောင်း All India Radio News တွင်ဖော်ပြသည်။

မြန်မာစစ်ဘေးရှောင်ဒုတိယအများဆုံးနေထိုင်သည့် Saiha နှင့် Lawngtlai ခရိုင်တွင် ဇီဝအချက်အလက်များ စတင်ကောက်ယူနေပြီဖြစ်ပြီး Lawngtlai ခရိုင်၊ Chanmari Kanaan Relief Camp တွင် စစ်ရှောင်လူဦးရေ ၁၅၂ဦးရှိကြောင်း သိရသည်။

လက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၃၂၅၀၄ဦးခန့်ရှိပြီး Champhai ခရိုင်တွင် အများဆုံးရှိပြီး၊ Lawngtlai နှင့် Siaha ခရိုင်များတွင် ဒုတိယအများဆုံးဖြစ်ကြောင်း All India Radio News ကဖော်ပြသည်။

မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်များအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဒုက္ခသည် ၂၀၀၀ကျော်ရှိပြီး ၎င်းတို့၏ ဇီဝအချက်အလက်များကိုလည်း စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။

သတင်း- Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed