ကန်ပက်လက်မြို့နယ်တွင် ချင်းလဲန်းကောင်စီအဖွဲ့ ဝင် မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ထောက်ပို့လမ်းကြောင်းကို ချင်းညီနောင်က ပိတ်ဆို့သဖြင့် အခက်အခဲကြုံတွေ့နေရ
Chinland Channel / ၁ ဇူလိုင် ၂၀၂၅
ချင်းပြည်၊ ကန်ပက်လက်မြို့နယ်တွင် ချင်းလဲန်းကောင်စီအဖွဲ့အဖွဲ့ဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ပို့လမ်းကြောင်းကို ချင်းညီနောင်အဖွဲ့မှ ပိတ်ဆို့နေသဖြင့် အခက်အခဲကြုံတွေ့နေရသည်ဟု Chinland Council အဖွဲ့ဝင် ကန်ပက်လက် မြို့နယ်အုပ်ချုပ်ရေးမှူးများ ထံမှသိရသည်။
ကန်ပက်လက်မြို့နယ် နှင့်မကွေးတိုင်းနယ်စပ် စကဝါကြော ( ဒေသအခေါ်) ထန်းချောက်ကြောနှင့် ကျောက်ဖြူသုံးကြောတလျှောက်ရှိ CNA တပ်ရင်း (၂၁) ၏ ထောက်ပို့လမ်းကြောင်းကို ဇွန်လ ၁၁ရက်နေ့မှစတင်၍ ယနေ့အထိ ပိတ်ဆို့ထားခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက Chinland Channel သို့ပြောသည်။
ကန်ပက်လက် မြို့နယ်အုပ်ချုပ်ရေးမှူးက “ကျွန်တော်ဆိုရင်ဌာနချုပ်မှပြန်ရောက်ပြီး နေအိမ်သို့ပြန်မဲ့လမ်းတွေမှာ ဖမ်းဆီးရန်အတွက် လမ်းကြောင်းတစ်လျောက်AAနှင့်CBက ပိတ်ထားကြတယ်။ ခုထိအိမ်ပြန်လို့မရသေးပါ ။ ပြည်သူတွေကိုတော့ တင်းတင်းကြပ်ကြပ်စစ်ဆေးပြီး ဖြတ်ခွင့်ပေးတာရှိတယ်။ CC အုပ်ချုပ်ရေးမှူးတွေနဲ့ CNAရဲဘော်တွေကိုဖြတ်ခွင့်မပေးဘူး။” ဟု Chinland Channel ကိုဆိုသည်။
ထို့အပြင် ချင်းလဲန်းကောင်စီအဖွဲ့ဝင်များ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသော ငုံလောင်းကျေးရွာ၊ စာသင်ကျောင်းတွင် ချင်းညီနောင်နှင့် AA ပူးပေါင်းတပ်ဖွဲ့များမှ စခန်းချတပ်စွဲနေပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများအတွက် ဖြန့်ဝေပေးထားသော စကားပြောစက် (icon)များလည်း ချင်းညီနောင်အဖွဲ့က သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
“CNAလှုပ်ရှားနယ်မြေမှာစခန်းလာချကြတယ်။ CC ကျောင်းဖွင့်တဲ့နေရာတွေ၊ ရွာတွေကို ခြိမ်းခြောက်နေကြတယ်။ ကျောင်းထဲမှာလာနေကြတယ် ။ ကျောင်းဝန်းမှာ ကတုတ်ကျင်းတွေ တူးနေကြတယ်။ စစ်ကောင်စီလိုပဲ လမ်းသွားလမ်းလာပြည်သူတွေတဲ့တွေကို ဖုန်းတွေစစ်ဆေး၊ ဆိုင်ကယ်ကအစစစ်ဆေးမေးမြန်းမှုတွေလုပ်နေကြတယ်။ icon နဲ့ဖုန်း အဓိကစစ်တယ် icon ကတော့သိမ်းတာတွေရှိတယ်။” ဟု ကန်ပက်လက် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောသည်။
လက်ရှိ ငုံလောင်းနှင့်အပြိုင်းအကြား တပ်စွဲလာသော CB အဖွဲ့သည် CC ကိုထောက်ခံသည့် ပြည်သူများ၏ ဥယျာဥ်လမ်းများနှင့် CC အုပ်ချုပ်ရေးမှူးများ ရှောင်ကွင်းသွားလာနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့၏ ကျူးကျော်ဝင်ရောက်မှုများနှင့် လှုပ်ရှားမှုများကို ထိပ်တိုက်ရင်ဆိုင်မှု မပြုလိုသဖြင့် တုံ့ပြန်ခြင်းမရှိသေးသော်လည်း ပြည်သူလူထုအား တွေ့ဆုံဆွေးနွေးကာ မောင်းထုတ်ရန်စီစဥ်ထားကြောင်း ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။
ဆက်လက်ပြီး ချင်းညီနောင်အဖွဲ့သည် ချင်းပြည်တောင်ပိုင်းတွင် ချင်းလဲန်းကောင်စီနှင့် CNA ကင်းစင်ရေးကို အဓိကဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရပြီး ချင်းလဲန်းကောင်စီကို ပြည်သူများထောက်ခံနေသရွေ့ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကန်ပက်လက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည်။
“CBတွေကတော့ CCနဲ့CNAကင်းစင်စေဖို့ အဓိကလုပ်ဆောင်နေကြတာ။ CBရဲ့ လုပ်ရပ်က ကန်ပက်လက်တင်မဟုတ်ပဲ ချင်းပြည်တောင်ပိုင်းအားလုံး CCကင်းစင်ရေးလုပ်နေတာကို တွေ့ရတယ်။ CC ဆိုတာပြည်သူကထောက်ခံနေသရွေ့ ကင်းစင်နေဖို့ကလည်း မလွယ်လောက်ဘူးထင်တယ်။ အဓိကပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ပြည်သူတွေရဲ့ဆန္ဒအရ ဆုံးဖြတ်ချက်တွေ ထပ်ထွက်လာမယ်” ဟု Chinland Channel ကိုပြောသည်။
ကန်ပက်လက်မြို့နယ်၊ ငုံလောင်း၊ အပြိုင်း၊ ကျော့တော်၊ အမ်ပုံ၊ စမ်မသား၊ စံအိမ်နူး၊ ခိတော်၊ ချင်းလက်မွန်၊ ကန်းလောင်း၊ တုံငယ်၊ ခါပန်း၊ မကြား၊ ထပ်ရွီရွာ၊ မဒီလောင်းကျောက်တောင်၊ လုံဘောက်၊ အုတ်ဖို၊ ကီူချန်၊ မရွီ၊ ခေးလောင်း စသည့်ကျေးရွာများတွင် ချင်းလဲန်းကောင်စီအဖွဲ့များမှ ပြည်သူ့အုပ်ချုပ်ရေးဖောင်ဆောင်လျက်ရှိကျောင်း သိရသည်။
သတင်း-Joshua
