October 6, 2025

စိတ်ကြွဆေးပြားအလုံးရေပေါင်း ၂,၇၀,၀၀၀ ဖမ်းဆီးထားတယ်လို့ HPO/CDF-Hualngoram အသိပေး

0

Chinland Channel/ ၂၈ ဇွန်လ ၂၀၂၅

အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ် ဟွာလ်ငိုးရမ်းဒေသထဲမှာ စိတ်ကြွဆေးပြား အလုံးရေပေါင်း နှစ်သိန်း ခုနှစ် သောင်း ( ၂,၇၀,၀၀၀) ကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာဖမ်းဆီးခဲ့တယ်လို့ HPO/CDF-Hualngoram က မနေ့ ဇွန်လ ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဇွန်လ ၉ ရက်နေ့မှာ ရိဒ်ခေါဒါရ်မြို့၊ Bethel ရပ်ကွက်ဘက်သွားတဲ့လမ်းမှာ လုံခြုံရေးတာဝန်ယူထားတဲ့ HPO/CDF-Hualngoram ၊ ဟွာလ်ငိုးရမ်းရဲတပ်ဖွဲ့ နဲ့ ဟွာလ်ဟိုးရမ်း အရံတပ်ဖွဲ့ ( HRF) တို့က ၁၂၅ ဆိုင်ကယ်နဲ့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးများကိုဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါးများဟာ နိုင်ငံတကာပေါက်စျေးဖြင့် ရူပီး ၅၆ သိန်းတန်တယ်လို့ဆိုကာ အဆိုပါ မူးယစ်ဆေးများကို Palte ကျေးရွာဒေသခံဖြစ်တဲ့ Pu Vanlaltlan ရဲ့သား Salai Van Thawmmang အသက် ၄၄ နှစ်က သယ်ဆောင်လာခြင်းဖြစ်ပြီး တရားရုံးကိုခေါ်ဆောင်ပြီးနောက်လက်ရှိမှာတော့ အကျဉ်းချထားတယ်လို့ သိရ ပါတယ်။

မီဇိုရမ်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့အစည်းများနဲ့ အခြားသော အေဂျင်စီများက မီဇိုရမ်ဘက်ကိုဝင်လာမယ့် မူးယစ်ဆေးဝါးများအား တားဆီးပေးဖို့ မှာကြားထားတဲ့အတိုင်း ချင်း ( ဇို ) လူငယ်များကိုဖျက်ဆီးနေတဲ့ မူးယစ် ဆေးဝါးများကို အပြင်းအထန် တိုက်ဖျက်သွားမယ်လို့ဆိုပါတယ်။

ယခုလို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်ရာမှာ အများပြည်သူက ထောက်ခံအားပေးကြဖို့ နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း HPO/CDF-Hualngoram က ထုတ်ပြန်ထားပါတယ်။

သတင်း – Jessie
ပုံအညွှန်း – ဖမ်းဆီးထားတဲ့ စိတ်ကြွဆေးပြားများ
ဓါတ်ပုံ – HPO/CDF-Hualngoram

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed