October 6, 2025

နတ်ရေကန်လမ်းဟောင်းရှိစစ်ကောင်စီကာကင်းစခန်းကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၁ ဦး သေဆုံးပြီး ၁ ဦးအရှင် ဖမ်းမိတယ်လို့ CDF-Asho ထုတ်ပြန်

0

Chinland Channel / ၂၁ ဇွန်လ ၂၀၂၅

မကွေးတိုင်း၊ငဖဲမြို့နယ်၊ နတ်ရေကန်လမ်းဟောင်း၊ ခွန်ဇူရွာလမ်းခွဲမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်း တစ်ခုကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး တစ်ဦးကိုအရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်း များလည်းသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို ( CDF-Asho ) က ဒီကနေ့ထုတ်ပြန်ထားပါ တယ်။

အဆိုပါစခန်းဟာ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်းရဲ့ကာကင်းစခန်းဖြစ်ပြီး လူ့ ဘောင်သစ် တပ်မတော် ( NSA) ၊ အရှိုချင်းကာကွယ်ရေးတပ် ( ACDF) နဲ့ ချင်းကာကွယ်ရေးတပ် ( CDF-Asho) တို့ပူးပေါင်း ပြီး မနေ့ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်း ၇ နာရီ ၁၅ မီနစ်မှာသွားရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး ၁၅ မီနစ်အကြာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား စခန်းစွန့်ခွါထွက်ပြေး ကြပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးကိုအရှင်ဖမ်းမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရရှိပြီးထွက်ပြေးကြတယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ ချင်းကာကွယ်ရေးတပ် – အရှို ( CDF-Asho ) မှာ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိထား ပြီး MA အမျိုးအစား လက်နက် ၅ လက်၊BA 100 စိန်ပြောင်း ၁ လက် နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ် လို့ဆိုပါတယ်။

အလားတူပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကနေ ၁၄ ရက်နေ့အတွင်း နတ်ရေကန်လမ်းဟောင်းဖြတ်တောက်တိုက်ခိုက်ရေး လုပ်ဆောင်နေစဉ် နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၄ ဦးကိုအရှင်ဖမ်းမိ ထားသလို MA-1 (၃) လက်၊ MA-3 (၁)လက် နဲ့ ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

သတင်း – Jessie
ပုံအညွှန်း – CDF-Asho နဲ့ပူးပေါင်းတပ်မှ ဖမ်းဆီးရမိတဲ့သုံ့ပန်းများနဲ့သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းများ
ဓါတ်ပုံ – CDF-Asho

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed