October 6, 2025

လောင်တလိုင်မြို့မြေပြိုမှုမှာပိတ်မိတဲ့ ရခိုင်ကုန်သည်များအားလုံး ကယ်ထုတ်နိုင်

0

Chinland Channel /  ၁ ဇွန် ၂၀၂၅

မနေ့ မေလ ၃၀ ရက်ညမှာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ပေါ်မှာ မိုးကြီးလို့အဆောက်အဦး ၆ လုံးပြိုကျရာ ပိတ်မိတဲ့ရခိုင်ကုန်သည်များကို ယမန်နေ့ည ၇ နာရီ မီနစ် ၅၀ ဝန်းကျင်မှာကျန်းကျန်းမာမာနဲ့ ကယ်ထုတ်နိုင်ခဲ့ပြီလို့ ဒေသတွင်းသတင်းများရဲ့ဖော်ပြချက်အရသိရပါတယ်။

အဆိုပါမြေပြိုမှုအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို Central Young Lai Association – CYLA ဦးဆောင်မှုဖြင့် မေ ၃၀ ညလုံးပေါက် နဲ့ ယမန်နေ့ မေ ၃၁ တို့မှာ တစ်နေကုန်လုပ်ဆောင်ကြရာ မနေ့ညမှာပဲ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

မြေပြိုမှုအတွင်း အနည်းဆုံး ရခိုင်ကုန်သည် ၅ ဦးကျော်ပိတ်မိရာကနေ အကုန်လုံးကိုကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ပိတ်မိသူများအနက် ရခိုင်ပြည်နယ်သား ဦးကျော်နိုင်သဲ အသက် ၄၄ နှစ်ကို မနေ့ည မေလ ၃၁ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးထားကာ ဦးခေါင်းနဲ့ ခြေထောက်ပိုင်းမှာဒဏ်ရာရရှိပေမယ့် စိုးရိမ်စရာ မရှိဘူးလို့သိရပါတယ်။

ဦးကျော်နိုင်သဲ ကိုကယ်ထုတ်ပြီးနောက်သူ့ရဲ့မိတ်ဆွေ ဖြစ်သူ မောင်သဲဟော အသက် ၄၄ နှစ်ကို ကယ်ဖို့ ဆက်လက်လုပ်ဆောင်ကြရာ ယမန်ည ၇ နာရီ မီနစ် ၅၀ မှာ ကျန်းကျန်းမာမာနဲ့ကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

သတင်း – Jessie

ပုံအညွှန်း – ကယ်ဆယ်ရေးသမားများအားတွေ့ရစဥ်

ဓာတ်ပုံ – လူမှုကွန်ယက်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed