ဖလမ်းမြို့နယ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးအားလုံးကို CNO/CNDF က တာဝန်ယူကြောင်းထုတ်ပြန်ချက်ကို IMC ကန့်ကွက်
Chinland Channel/ ၂၂ မေ ၂၀၂၅
ချင်းပြည်၊ ဖလမ်းမြို့နယ်အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ် ( Chin National Organization – CNO )က ဖလမ်းမြို့နယ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စအားလုံးကိုတာဝန်ယူတယ်လို့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်ထုတ်ပြန်တဲ့ အပေါ် ကြားကာလမာရာနယ်ကောင်စီ ( IMC ) က မေလ ၂၂ ရက်မှာ ကန့်ကွက်စာထုတ်ပြန်လိုက်ပါတယ်။
CNO ဟာ အခြေခံဥပဒေအသစ်မပေါ်ပေါက်မီကာလအတွင်း ဖလမ်းမြို့နယ်နယ်နိမိတ်အတွင်း နေထိုင်ကြတဲ့ မျိုးနွယ်စု အားလုံးရဲ့ဖြစ်တည်မှုကိုပြီး ဖလမ်းမြို့နယ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက် နေတယ်လို့ဆိုပါတယ်။
ယခုလို CNO ရဲ့ထုတ်ပြန်ချက်ဟာ ဟွာလ်ငိုးရမ်းလူမျိုးစုအခွင့်အရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအခွင့်အရေးများကို ချိုးဖောက်ရာရောက်ပြီး လူမျိုးစုအချင်းချင်းကြားမလိုလားအပ်တဲ့ပြသနာဖြစ်ပေါ်စေနိုင်တဲ့အတွက် အဆိုပါလုပ် ရပ်ကိုကန့်ကွက်တယ်လို့ဆိုပါတယ်။
ချင်းပြည် ( Chinland ) ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ အရ၊ ၁၉၉၃ ခုနှစ် ဟောင်နှစ်ပင်ညီလာခံမှ အတည်ပြု ပြဌာန်းခဲ့တဲ့ ၂၀၀၈ ခြေ/ဥကိုဖျက်သိမ်းပြီး ချင်းပြည်အတွင်းရှိရင်းစွဲမြို့ယန် ၉ ခုနဲ့ လောက်တူဒေသ၊ ဇိုတုန်ဒေသ၊ မာရာလဲန်းဒေသ၊ ဇိုဖဲရမ်ဒေသ၊ ဆဲန်းထန်းဒေသ၊ ဆီးဇင်းဒေသ၊ ဇာညက်ရမ်ဒေသ၊ ထာဒိုဒေသ နဲ့ ဟွာလ်ငိုးရမ်း ဒေသ များကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်၊ ဒေသအဖြစ်သတ်မှတ်အတည်ပြုဖွဲ့စည်းပြီးဖြစ်တယ်လို့ဆိုပါတယ်။
မာရာဒေသဟာလည်း ချင်းပြည် ( Chinland )ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၂၃ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဒေသန္တရ အုပ်ချုပ်ရေး ဖော်ဆောင်နေပြီဖြစ်တာကြောင့် မာရာဒေသအတွင်း မိမိသက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ဆန္ဒမပါဘဲ ဘယ်အဖွဲ့အစည်းကမှ ဝင်ရောက်စွပ်ဖက်နှောင့်ယှက်ခြင်း များမပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – Jessie
ဓါတ်ပုံ – Interim Maraland Council
