October 6, 2025

ထန်တလန်မှာ အသုဘအိမ်ကနေပြန်လာတဲ့ကားမှောက်လို့ တစ်ဦးသေဆုံး

0

Chinland Channel / ၁၂ မေ ၂၀၂၅

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ထာအိုကျေးရွာ ( Thau) ရွာဟောင်းကနေ ထာအိုရွာသစ်ကို အသုဘအိမ်လာ ပြီး ပြန်တဲ့လမ်းမှာ ကားမတော်တဆဖြစ်လို့ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။

အဆိုပါကားဟာ ထာအိုရွာသစ်ကနေ တက်ပြီး ရွာဟောင်း အဝင်မှာ စက်ကမနိုင်တော့လို့ နောက်ပြန်ဆုတ်ရင်း မေလ ၁၂ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ တိမ်းမှောက်သွားခြင်းဖြစ်ကာ Pi Sui Cuai အသက် (၆၆)နှစ် သေဆုံးတဲ့အပြင် ၂ ဦးဒဏ်ရာရရှိ ခဲ့တယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ရွာခံတစ်ဦးက “ဒီမနက်မှာ မိုးဖွဲဖွဲလေးကျတယ်။အဲဒါလမ်းချော်တာလည်းပါနိုင်တယ်။ ရွာဟောင်းအဝင် တောင်ကုန်းမှာ ကားကမတက်နိုင်တော့လို့ နောက်ပြန်ဆုတ်ပြီးတော့ ပေ ၃၀၀ လောက် လမ်းအောက်ဘက်ကိုကျသွားတယ်။ Pi Sui Cuai က ဒဏ်ရာအများကြီးရပြီးတော့ ဆေးရုံပို့တဲ့လမ်းတစ်ဝက်မှာ ဆုံးပါးသွားတယ်။” လို့ Chinland Channel ကိုပြောပါတယ်။

ကားမတော်တဆမှုကြောင့် ဆုံးပါးသွားတဲ့ Pi Sui Cuai ရဲ့ရုပ်အလောင်းကို ဒီညမှာ အသုဘအခမ်းအနားပြုလုပ် သွားမှာဖြစ်ပြီး မနက်ဖြန်မှာ မြေမြှုပ်သဂြိုလ်သွားမယ်လို့သိရပါတယ်။

သတင်း – Jessie
ပုံအညွှန်း – ကားမတော်တဆမှုကြောင့်သေဆုံးသွားတဲ့ Pi Sui Cuai နဲ့ မှောက်သွားတဲ့ကားအားတွေ့ရစဉ်
ဓါတ်ပုံ – လူမှုကွန်ယက်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed