October 6, 2025

စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မယ်ဆိုတဲ့သတင်းနဲ့ လူငယ်တွေဖမ်းဆီးမယ်ဆိုတဲ့သတင်းကြောင့် အမ်း-ပဒါန်း လမ်းမပေါ်ရှိချင်းရွာများထွက်ပြေးတိမ်းရှောင်နေရ

0

Chinland Channel/ ၂၅ မတ် ၂၀၂၅

မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမပေါ်ရှိ ချင်းရွာတွေကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ကနေဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့သတင်းနဲ့ လူငယ်တွေဖမ်းဆီးခံရမယ်ဆိုတဲ့သတင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးထံကသိရပါတယ်။

ယခုရက်ပိုင်းမှာ စစ်ကောင်စီနဲ့နီးစပ်နဲ့ သတင်းအရင်းအမြစ်တွေက အမ်း-ပဒါန်းလမ်းမပေါ်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မယ့်အကြောင်း၊ လူငယ်လူလတ်ပိုင်းများကို စစ်မှုထမ်းဖို့ဖမ်းဆီးမယ့်အကြောင်း သတင်းထွက်ပေါ် လာတာကြောင့် အမ်းပဒါန်းလမ်းမပေါ်က ပါစီရွာအပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ပြည်သူ ထောင်ကျော်ခန့်ထွက်ပြေးနေကြ တာလို့ဆိုပါတယ်။

“လူငယ်တွေကိုဖမ်းဆီးမယ်၊ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေ ခုရက်ပိုင်း စကစ နဲ့ နီးစပ် တဲ့သူဆီကနေ သတင်းထွက်လာတာပေါ့နော်။ဒါပေမယ့် အမိန့်ထုတ်ပြန်တာတို့တော့မဟုတ်ဘူးပေါ့နော်။ အဲ့ရွာ တွေက ၂၀၂၄ ကတည်းက ထွက်ပြေးသွားတဲ့ရွာတွေလည်းရှိတယ် အခုကျန်ခဲ့တဲ့လူတွေလည်းပြန်ထွက်ပြေး တာပေါ့နော်။ပြီးတော့ လူငယ်တွေကိုဖမ်းမယ်ဆိုတဲ့သတင်းလည်းထွက်လာတာကြောင့် လူငယ်တွေလည်းထွက် ပြေးနေရတယ်။ ခုလောလောဆယ်တော့ အဲ့ရွာတွေကို ဖမ်းဆီးတာတွေဗုံးကြဲတာတွေတော့မရှိသေးဘူး။ ပါစီရွာ ကျတော့ရွာလုံးကျွတ်ထွက်ပြေးတယ်။ကျန်တဲ့ရွာတွေတော့ တစ်ချို့တစ်ဝက်ထွက်ပြေးကြတယ်။” လို့ ဒေသခံ ချင်းအမျိုးသားတစ်ဦးက Chinland Channel ကိုပြောပါတယ်။

လက်ရှိမှာ အမ်း-ပဒါန်းလမ်းမပေါ်ရှိအကြမ်းဖက်စစ်တပ်ရဲ့ နတ်ရေကန် ဗျူဟာကုန်းမှာ အကြမ်းဖက်စစ်တပ် နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲများပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက် တာတွေလည်းလုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed