October 6, 2025

ချင်းပြည် (Chinland) ကောင်စီ နဲ့ Pa-O National Federal Council တို့တွေ့ဆုံ

0

Chinland Channel / ၁၀ ဒီဇင်ဘာ ၂၀၂၄

ချင်းပြည် (Chinland) ကောင်စီနဲ့ Pa-O National Federal Council (ပအို့ဝ်အမျိုးသားဖယ်ဒရယ်ကောင်စီ) တို့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ Zoom ဖြင့် တွေ့ဆုံခဲ့ကြတယ်လို့သိရှိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ Pa-O National Federal Council ဖက်က ကောင်စီဥက္ကဌ ဦးခွန်မြတ်ထွန်းအပါအဝင် အတွင်းရေးမှူးအဖွဲ့များ ကောင်စီအဖွဲ့ဝင်များတက်ရောက်ပြီး၊ ချင်းပြည် (Chinland) ကောင်စီ ဖက်မှ ဒုတိယဥက္ကဌ -၁ ဦးဆောင်ပြီး အတွင်းရေးမှူးအဖွဲ့များ ၊ဦးဆောင်ကော်မတီဝင်များ နှင့် ချင်းပြည်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဆောင်ပြီး ဝန်ကြီးတစ်ချို့တို့တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဒီတွေ့ဆုံမှုနဲ့ ပါတ်သက်ပြီး ချင်းပြည် (Chinland)ကောင်စီ အတွင်းရေးမှူး ဆလိုင်းပေါလုက – “ ဒီတွေ့ဆုံဆွေးနွေးမှုမှာတော့ နှစ်ဖက်က နိုင်ငံရေးရပ်တည်ချက်တွေ၊ နိုင်ငံရေးရည်မှန်းချက်တွေ၊ နိုင်ငံရေးပန်တိုင်တူညီတဲ့အချက်တွေကို ပဏာမ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ နောက်နောင်နှစ်ဖက်အကြားချိတ်ဆက်ဆောင်ရွက်မှု အပိုင်းကိုလည်း ဆွေးနွေးကြခဲ့ပြီး၊ Focal Personတွေထားရှိရန်သဘောတူညီထားပါတယ် ” – လို့ Chinland Channel ကိုပြောပါတယ်။

ချင်းပြည် (Chinland) ကောင်စီအနေနဲ့ ဆက်လက်ပြီးတော့ အခြားသော တော်လှန်ရေး အစုအဖွဲ့တွေ၊ ဖက်ဒရယ်ယူနစ်တွေနဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း သိရှိရပါတယ်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed