ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် Chinland Council မြို့နယ်/ဒေသ အသီးသီးမှ တပ်မှူးများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Chinland Channel / ၆ ဒီဇင်ဘာ ၂၀၂၄
ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် Chinland Council မြို့နယ်/ဒေသ အသီးသီးမှ စစ်ဘက်ဆိုင်ရာ တပ်မှူးများ လုပ်ငန်းဆွေးနွေးပွဲ တရပ်ကို ဒီဇင်ဘာ ၃၊ ၄ တို့တွင် နှစ််ရက်တာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လုပ်ငန်းဆွေးနွေးပွဲသို့ ချင်းပြည် (Chinland Council) ဦးဆောင်ကော်မတီ အဖွဲ့ဝင်များ၊ လွှတ်တော်နှင့် တရားရေးရာမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ ချင်းလဲန်းကောင်စီလမ်းညွန်မှုဖြင့် ချင်းပြည်အစိုးရမှနေပြီး စစ်ဘက်ဆိုင်ရာ One Command စနစ်တကျ ဖြစ်ပေါ်လာနိုင်ရေး၊ တည်ဆောက်နိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြကာ၊ အခြားသော လုပ်ငန်းအစီအမံများ ပိုမိုအားထုတ်ကြိုးပမ်းနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။




