October 6, 2025

အိန္ဒိယ-မြန်မာနယ်စပ်တွင် ချင်းအမျိုးသားတစ်ဦး ရေနစ်၊ ၄ရက်ကြာသည့်တိုင် ရှာမတွေ့သေး

0

Chinland Channel/ ၃ဇွန်လ ၂၀၂၅

ချင်းပြည်၊ တီးတိန်မြို့နယ်၊ Nghalbual ရွာသား တစ်ဦးသည် မြန်မာ-အိန္ဒိယနယ်စပ် Tiau ချောင်းတွင် ရေနစ်ပြီး မျှောပါသွားခဲ့ပြီး ယနေ့အချိန်ထိ (၄ ရက်ကြာ) ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း မတွေ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မေလ ၃၀ ရက် ညနေပိုင်းတွင် တီးတိန်မြို့နယ် Phaltang ရွာနှင့် ကျန်ဖိုင်းမြို့နယ်၊Zote ရွာကြားရှိ Tiau ချောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဦးဒိုးခန့်လာလ်သည် ကျန်ဖိုင်းမြို့သို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လာစဉ် ရေကြီးနေသည့်အတွက် ရေကူးဖြတ်ကျော်ရာမှ ရေစီးနှင့်အတူ မျှောပါသွားခဲ့ခြင်းဖြစ်သည်ဟု ‌ဒေသခံသတင်းရင်းမြစ်က ပြောသည်။

“ယနေ့အချိန်ထိ လေးရက်ကြာသည်အထိ ရှာမတွေ့သေးပါ။ သူက ကျန်ဖိုင်းမြို့ကိုသွားတာ။ ဒီဘက်မြန်မာပြည်ဘက်ပြန်လာတော့ ရေကြီးနေလို့ ရေကူးလိုက်တော့ ရေနဲ့မျှောပါသွားတာဖြစ်ပါတယ်။” ဒေသခံသတင်းရင်းမြစ်က Chinland Channel သို့ပြောသည်။

ယခုအချိန်ထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး Tiau ချောင်းရေများ မကျဆင်းသေးသဖြင့် ရှာဖွေရေးလုပ်ငန်းများ အခက်အခဲရှိနေကြောင်း၊ မိုးအားကောင်းမှုကြောင့် ရေစီးသန်ကာ လူသေဆုံးမှုဖြစ်စဉ်မှာ အန္တရာယ်ရှိသည့်အနေအထားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

SYMA Champhai အပါအဝင် ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ချောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း- Joshua
ဓာတ်ပုံ- Maipawl
ပုံစာ- မြန်မာ-အိန္ဒိယနယ်စပ် Tiau ချောင်းရေကြီးမှု မြင်ကွင်း

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed