October 6, 2025

အိန္ဒိယရဲ့တိုက်ခိုက်မှုအတွင်းအကြမ်းဖက်သမား ၇၀ သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရ

0

Chinland Channel / ၇ မေ ၂၀၂၅

ဒီကနေ့ မေလ ၇ ရက်နေ့ မနက်အစောပိုင်းမှာ အိန္ဒိယက ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယား နဲ့ ပါကစ္စတန် ထဲရှိ အကြမ်းဖက်သများများ ရဲ့နေရာ ၉ ခုကို ဒုန်းကျည် ၂၄ ခုနဲ့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား ၇၀ သေဆုံးခဲ့ ပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အိန္ဒိယဟာ ပါကစ္စတန် နဲ့ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားဒေသရှိ နေရာ ၉ ခုကို ဒီကနေ့မနက်ပိုင်း အိန္ဒိယစံတော်ချိန် မနက် ၁ နာရီ ၅ မီနစ်ကနေ ၁ နာရီ မီနစ် ၃၀ ကြားမှာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက် မှုကို အိန္ဒိယ ကြည်းတပ်၊ လေတပ် နဲ့ ရေတပ်တို့ပူးပေါင်းကာ ဆင်ဒေါစစ်ဆင်ရေး “Operation Sindoor” လို့ နာမည်ပေးထားတာဖြစ်ပါတယ်။

တိုက်ခိုက်မှုအပြီး နယူးဒေလီမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီး Vikram Misri က ဒီစစ်ဆင်ရေးဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ပါဟယ်လ်ဂမ်၊ ဂျမူးနဲ့ကက်ရှ်မီးယားမှာ အကြမ်းဖက်သမား များရဲ့ တိုက်ခိုက်ခံရမှုကြောင့် နီပေါနိုင်ငံသားတစ်ဦးအပါအဝင် အိန္ဒိယနိုင်ငံသား ၂၆ ဦးသေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို တိုင်းတာပြီး အချိုးကျစွာတုံံ့ပြန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို အိန္ဒိယတပ်က မြေပြင်နဲ့ဝေဟင်ပစ်ဒုန်းကျည်များကိုရောနှောအသုံးပြုပြီး အရပ်သားပြည်သူ ထိခိုက်မှုအနည်းဆုံးဖြစ်အောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အကြမ်းဖက်သမားများရှိတဲ့ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

အိန္ဒိယတိုက်ခိုက်လိုက်တဲ့ နေရာ ၉ နေရာအနက် ၅ နေရာမှာ ပါကစ္စတန်ထိန်းချုပ်ထားတဲ့ ကတ်ရှ်မီးယားဒေသ မှာဖြစ်ပြီး ကျန် ၄ နေရာမှာ ပြည်မကြီးပါကစ္စတန်မှာဖြစ်တယ်လို့သိရပါတယ်။

ကိုးကား – NDTV
သတင်း – Jessie
ဓါတ်ပုံ – လူမှုကွန်ယက်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed