October 6, 2025

အိန္ဒိယမှာ Nursing နဲ့ Lab Science တက်ပြီးချင်းပြည်မှာတာဝန်ပြန်ထမ်းဆောင်မယ့်မြန်မာကျောင်းသား များကို စကောလားရှစ်ပေးမယ်လို့ CHO ထုတ်ပြန်

0

Chinland Channel / ၉ မေ ၂၀၂၅

အိန္ဒိယနိုင်ငံ၊ တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်ရောက်ပြီးနောက် ချင်းပြည်နယ်ထဲမှာတာဝန်ပြန်ထမ်းဆောင်မယ့် ကျောင်းသားများကို ထောက်ပံ့ကြေးပေးသွားမယ်လို့ ချင်းကျန်းမာရေးအဖွဲ့ ( CHO ) က အသိပေးထုတ်ပြန်ထား ပါတယ်။

အသက် ၁၇ နှစ်ပြည့်ပြီး အိန္ဒိယနိုင်ငံရဲ့ ၁၂ တန်း နဲ့မြန်မာနိုင်ငံမှာ ၁၂ တန်းကို သိပ္ပံတွဲဖြင့်အောင်မြင်ထားသူများ က Nursing နဲ့ Lab Science ကိုတက်ရောက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Nursing တက်ရောက်လိုသူများအတွက် လျှောက်လို့ရမယ့် Program ၂ ခုရှိမှာဖြစ်ပြီး တစ်ခုက General Nursing and Midwifery course (GNM) – internship အပါအဝင် ၃နှစ် တက်ရောက်ရမှာဖြစ်သလို နောက်တစ်ခုက Basic B.Sc. Nursing – ၄ နှစ် တက်ရောက်ရမှာဖြစ်ပါတယ်။

Laboratory Technician အတွက် တက်လို့ရမယ့် program ၁ခု ရှိပြီး Bachelor of Medical Laboratory Sciences (BMLS) ဖြစ်ကာinternship အပါအဝင် ၄ နှစ် တက်ရမှာ ဖြစ်ပါတယ်။

မြန်မာပြည်အောင်လက်မှတ်နဲ့ တက်ရောက်မည့်သူများအနေနဲ့ အိန္ဒိယကို တရားဝင် လာရောက် နိုင်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းနဲ့ ပတ်စ်ပို့များ ရှိဖို့လိုပြီး သူနာပြုကျောင်းကိုပဲ လျှောက် လို့ ရမှာဖြစ်ကာ ၂၀၂၅ စာသင်နှစ်အတွက် ကျောင်းသူကျောင်းသား (၅) ဦးကိုသာ လက်ခံမှာ ဖြစ်လို့ Application link ကို messenger မှာ လာရောက် မေးမြန်းနိုင်တယ်လို့ CHO က ဖော်ပြထားပါတယ်။

အလားတူ အိန္ဒိယအစိုးရအသိအမှတ်ပြုအထက်တန်းကျောင်းအောင်မြင်ထားတဲ့ ကျောင်းသူ ကျောင်းသား များအတွက် လိုအပ်တဲ့ စာရွက်စာတမ်းများကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ဆိုပါတယ်။

ကျောင်းပြီးတဲ့အခါချင်းပြည်အတွင်း ပြန်လည်တာဝန်ထမ်းဆောင်လိုသူများဖြစ်ပါက CHO အနေဖြင့် Application Process ကိုကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အပြင် ဝေးလံဒေသက ကျောင်းသားများ အတွက် စကောလားရှစ်ကိုပေးအပ်သွားမယ်လို့ဆိုပါတယ်။

ကျောင်းလျှောက်ပြီးနောက် ကျောင်းက acceptance letter ရရှိမှသာ စကောလာရှစ်ကို ပေးမှာ ဖြစ်ပြီးScholarship လျှောက်ထားမယ့် သူများအတွက် Scholarship Application Process အဆင့်ဆင့်ကို ချင်းကျန်းမာရေးအဖွဲ့ရဲ့ Scholarship Board က သတ်မှတ်ထားသည့်အတိုင်း ဆက်လက်လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကိုစိတ်ဝင်စားတဲ့ ကျောင်းသား/သူများ၊ မိဘများအနေနဲ့ ကျောင်းအကြောင်းနဲ့ ကျောင်းက program တက်ဖို့ ပြည့်မီရမယ့် သတ်မှတ်ချက်များအကြောင်း သိရှိလိုပါက messenger chatbox ကနေ မေးမြန်းနိုင်ကြောင်း ချင်းကျန်းမာရေးအဖွဲ့ ( CHO ) က အသိပေးထားပါတယ်။

သတင်း – Jessie
ဓါတ်ပုံ – CHO

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed