October 6, 2025

ဟားခါးမြို့နယ်ကို လူငယ်များမစွန့်ခွါဖို့ နဲ့ နယ်ခြားရောက်နေသူများပြန်လာကြဖို့ CDF-Hakha ဗဟိုကောင်စီ အသိပေး

0

Chinland Channel / ၃ ဇူလိုင် ၂၀၂၅

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားတဲ့ Chinland Defense Force – Hakha ဗဟိုကောင်စီ မှ ဟားခါးမြို့ နယ်ဒေသခံ လူငယ်များအနေဖြင့် ဟားခါးမြို့နယ်ကို မစွန့်ခွါကြဖို့နဲ့ နယ်ခြားရောက်နေသူများအနေ ဖြင့် ဟားခါးမြို့ နယ်ထဲကိုပြန်လာကြဖို့ ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

Chinland Defensr Force – Hakha Central Council ရဲ့ထုတ်ပြန်ချက်ထဲမှာ ဟားခါးမြို့နယ်အတွင်း မွေးဖွားသူ၊ နေထိုင်သူ နဲ့ အိုးအိမ်ပိုင်ဆိုင်သူလူငယ်များအနေဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်ကနေစပြီး ဟားခါးမြို့နယ်ကို မစွန့်ခွါကြဖို့၊ စွန့်ခွါသူများရှိပါက ဂိတ်ကနေ ပြန်ခိုင်းမှာဖြစ်ကြောင်း၊ ဟားခါးမြို့နယ်ထဲက အမျိုးသား လူငယ်များအားလုံး အရံစစ်သင်တန်းတက်ကြရန် အသိပေးထားပါတယ်။

အလားတူ နွေဦးတော်လှန်ရေးကာလအတွင်း မီဇိုရမ်ပြည်နယ်နဲ့ ပြည်တွင်းကနေရာအသီးသီးကိုရောက်ရှိနေကြ တဲ့ လူငယ်များအနေဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်လမကုန်ခင် ဟားခါးမြို့နယ်ထဲကိုပြန်လာကြဖို့အသိပေးထား ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးအတွင်း နိုင်ငံရပ်ခြားကိုရောက်ရှိသွားသူများအနေဖြင့် ၂၀၂၅ ခုနှစ်ထဲမှာ CDF-Hakha အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀ ပါဝင်အားဖြည့်ပေးကြရန်လည်း အသိပေးထုတ်ပြန်ထား ပါတယ်။

သတင်း – Jessie
ဓါတ်ပုံ – CDF-Hakha

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed