October 6, 2025

လောင်တလိုင်မြို့၊ Chanmary ရပ်ကွက်ရှိစစ်ဘေးရှောင်များလိုက်နာရမယ့် စည်းကမ်း ၁၁ ချက်ကို ရပ်ကွက် တွင်းYLA ထုတ်ပြန်

0

Chinland Channel / ၁၈ ဧပြီ ၂၀၂၅

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့၊ Chanmary ရပ်ကွက်ထဲမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်များအနေဖြင့် လိုက်နာရမယ့် စည်းကမ်း ၁၁ ချက်ကို ရပ်ကွက်တွင်းရှိ Young Lai Associaiton – YLA က ထုတ်ပြန်ထားတယ် လို့ လောင်တလိုင်မြို့အခြေစိုက် The Lairam Times သတင်းဌာနက ဧပြီ ၁၇ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

Chanmary ရပ်ကွက်YLA ရဲ့ထုတ်ပြန်ချက်များက အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ Chanmary ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်စာရင်းကိုကောက်ယူလျက်ရှိပြီး အဆိုပါစာရင်းကောက်ယူပြီ နောက် စာရင်းထဲမှာမပါသူများအနေဖြင့် စာရင်းထွက်တဲ့နေ့ကနေ ၇ ရက်အတွင်း ရပ်ကွက် YLA ထံ လိပ်စာ အပြည့်အစုံဖြင့် အကြောင်းကြားရန်။ နောက်ဆုံးစစ်ဘေးရှောင်စာရင်းကောက်ခံပြီးနောက် တစ်ခြားသော စစ်ဘေးရှောင်များ ရပ်ကွက်ထဲမှာနေထိုင်ခွင့်မရှိတော့ပါ။

၂။ Chanmary ရပ်ကွက်ထဲရှိ စစ်ဘေးရှောင်များအနေဖြင့် မေလ ၁၅ ရက်နေ့မတိုင်ခင် ယာယီမှတ်ပုံတင်ကဒ်ပြု လုပ်ရမယ်။ စစ်ရှောင်ယာယီမှတ်ပုံတင်ကဒ်မရှိသူများ ရပ်ကွက်အတွင်းနေထိုင်ခွင့်မရှိ။ ယာယီကဒ်လုပ်ရမယ့် ရက်စွဲများကို YLA ကတာဝန်ယူဆောင်ရွက်သွားမယ်။

၃။ စစ်ဘေးရှောင်များဟာ မူးယစ်ဆေးဝါးနဲ့ကင်းရှင်းရမယ်။ မူးယစ်ဆေးကြောင့် ပြသနာနဲ့ အခက်အခဲကြုံသူ ရှိပါက YLA နဲ့သက်ဆိုင်ခြင်းမရှိပါ။

၄။ စစ်ဘေးရှောင်များအနေဖြင့် အိန္ဒိယနိုင်ငံသားမှတ်ပုံတင်များရှိပိုင်ခွင့်မရှိ။ မှတ်ပုံတင်ရှိသူများကိုစုံစမ်း သွားမှာ ဖြစ်ပြီး မှတ်ပုံတင်လုပ်ရန်ကူညီခဲ့တဲ့ပုဂ္ဂိုလ်ကိုလည်းအရေးယူသွားမယ်။

၅။ စစ်ဘေးရှောင် အမည်ပိုင်ဖြင့်ယာဉ်များပိုင်ဆိုင်ခွင့်မရှိ။ ၁၂၅ ဆိုင်ကယ်များကိုမြို့ထဲမှာစီးခွင့်မရှိ။

၆။ ည ၁၀ နာရီနောက်ပိုင်း စစ်ဘေးရှောင်များအပြင်မထွက်ရ။ ( ဒီအချက်မှာ ဘာသာရေးအစီအစဉ်၊ နာရေး နဲ့ အခြားသောအရေးကြီးကိစ္စကြောင့် YLA ထံအကြောင်းကြားထားသူများအတွက် အကျုံးမဝင်ပါ။)

၇။Chanmary ရပ်ကွက်ထဲမှာ စစ်ဘေးရှောင်စခန်း ၂ ခု နဲ့ ယာယီစခန်း တစ်ခုအပြင်အခြားသော စစ်ဘေးရှောင် များအတွက် နေအိမ်၊စစ်ရှောင်စခန်းများ ဆောက်ခွင့်မရှိ။

၈။ ရပ်ကွက်အတွင်း သေနတ်ကိုင်ဆောင်ခွင့်မပြုပါ။ သူများသေနတ်ဌားပြီး တောထွက်ခြင်းများမလုပ်ရ။

၉။ နေ့စားလုပ်တဲ့စစ်ဘေးရှောင်များအနေဖြင့် တစ်နေ့စာအတွက်သာ လုပ်ခွင့်ရှိပြီး လုပ်ကွက်တစ်ခုလုံးကို အပိုင် ယူထားခွင့်မရှိ။

၁၀။ အိမ်ဌားနေသူနဲ့ စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များက မိမိအိမ်ရဲ့မြင်သာတဲ့နေရာမှာ ဆိုင်းဘုတ်ဖြင့် စစ်ဘေးရှောင်ဖြစ်ကြောင်း ချိတ်ထားရမယ်။

၁၁။ စစ်ဘေးရှောင်မဟုတ်သော နိုင်ငံခြားသားများအတွက် Chanmary ရပ်ကွက်ထဲမှအိမ်ဌားပိုင်ခွင့်မရှိပါ။ အိမ်ဌားနေသူများရှိပါက YLA မှမောင်းထုတ်မှာဖြစ်ပြီး အိမ်ပိုင်ရှင်များကဖြေရှင်းပိုင်ခွင့်မရှိ စတဲ့ အချက်တွေ ဖြစ်ပါတယ်။

အထက်ပါ စည်းကမ်းများဟာ စစ်ဘေးရှောင်များကို အထင်သေးကဲ့ရဲ့လိုတဲ့စိတ်နဲ့ထုတ်ပြန်တာမဟုတ်ဘဲ နေပုံထိုင်ပုံ၊ ယာဉ်ကျေးမှုများမတူညီတဲ့လူတွေအတူတကွနေထိုင်ကြတာဖြစ်လို့ နောက်နောင်မှာပြသနာဖြစ် မလာအောင်ထုတ်ပြန်ထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။

သတင်း – Jessie
ပုံအညွှန်း – လောင်တလိုင်မြို့
ဓါတ်ပုံ – လူမှုကွန်ယက်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed