October 6, 2025

လုံခြုံရေးအရ ပိတ်ထားသော မတူပီ-မင်းတပ်လမ်းပိုင်း ပြန်ဖွင့်မည်ဟု MRO/CDF Matupi ပြော

0

Chinland Channel/၂၇ သြဂုတ် ၂၀၂၅

ချင်းပြည် တောင်ပိုင်း မတူပီမြို့နယ် လုံခြုံရေးအရ ပိတ်ထားသော မတူပီ-မင်းတပ်ကားလမ်းပိုင်းကို သြဂုတ်လ ၂၈ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း MRO/CDF Matupi က သတင်းထုတ်ပြန်သည်။

မတူပီ-မင်းတပ်ကုန်သွယ်ရေးလမ်းပိုင်းများကို မတူပီမြို့နယ်၏ လုံခြုံရေးအခြေအနေအရ သြဂုတ်လ ၆ရက်နေ့မှစ၍ သွားလာခြင်းကို ခေတ္တပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၂ရက်အကြာတွင် ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းတွင် မိုးရာသီ ကားလမ်း အခြေအနေအရ အိမ်စီးကား နှင့် ကားလေး (ယာဉ်သေး) များသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်းအပါအဝင် ကုန်သွယ်ရေး စည်းကမ်းသတ်မှတ်ချက် ၅ချက်ကိုလည်း ထုတ်ပြန်အသိပေးထားသည်။

ထိုစည်းကမ်းချက်များ ဖောက်ဖျက်ပါက အရေးယူခြင်းခံရမည်ဟုပြောပြီး မည်သို့အ‌ရေးယူရမည်ကိုမူ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပေ။

စည်းကမ်းချက်များထဲတွင် မတူပီ-မင်းတပ်လမ်းပိုင်း၌ FORLAND နှင့် အထက် ယာဉ်ကြီးများ ဝင်/ထွက် သွားလာခြင်း မပြုကြောင်း၊ မတူပီဒေသအတွင်း ရောင်းချမည့် ကုန်စည်များကိုသာ ယာဉ်ကြီး (Forland) များဖြင့် သယ်ဆောင်နိုင်ကြောင်း၊ ရောင်းရန် ကုန်စည်များ အားလုံး ကုန်စည်ခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ပြီး ဖြစ်သော ကုန်သွယ်ရေး စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ ကန်ပက်လက်မြို့နယ်တွင်လည်း သြဂုတ်လ ၂၀ရက်နေ့မှစ၍ စစ်ရေးအခြေအနေများကြောင့်ဟုဆိုကာ CDF – Kanpelet က မကွေးတိုင်းမှ ကန်ပက်လက်မြို့နယ် အဝင်အထွက် လမ်းပိုင်းအားလုံးကို ယာယီပိတ်ထားခဲ့သေးသည်။

ထိုလမ်းပိုင်းများ ပိတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းများနှင့် ပိတ်မိနေသည့် ဆိုင်ကယ်ကယ်ရီသမားများအား ဖြတ်သန်းသွားခွင့်ပြုပေးကြရန် တောင်းဆိုနေမှုများရှိနေကြောင်း ကန်ပက်လက်ဒေသခံများထံမှ သိရသည်။

သတင်း-Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed