October 6, 2025

ရူပီးသိန်း ၂၀၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးများကို HPO/CDF-Hualngoram မီးရှို့ဖျက်ဆီး

0

Chinland Channel / ၂၈ ဇူလိုင် ၂၀၂၅

ချင်းပြည်၊ ဟွာလ်ငိုးရမ်းဒေသမှာတာဝန်ရှိတဲ့ HPO/CDF-Hualngoram က ဒီနှစ်အတွင်းဖမ်းဆီးထားတဲ့ ရူပီး သိန်း ၂၀၀ တန်ဖိုးရှိမူးယစ်ဆေးဝါးများကို ဇူလိုင်လ ၂၅ ရက်မှာမီးရှို့ဖျက်ဆီးခဲ့ကြောင်း Rihlipui Post က မနေ့ ဇူလိုင်လ ၂၇ ရက်မှာ ဖော်ပြထားပါတယ်။

HPO/CDF-Hualngoram မီးရှိုဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါးများက ၂၀၂၅ မေလ ၉ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့အထိဖမ်းဆီးထားတဲ့ စိတ်ကြွဆေးပြားအလုံးရေ ၂၈၀၃၀၀ ၊ ဘိန်းဖြူ ၄၂၈ ထုပ် ၊ ကျားတံဆိပ်ပါ ဘိန်းဖြူ ၂ ထုပ် နဲ့ Ice ၄ ထုပ် တို့ဖြစ်ကြပါတယ်။

မူးယစ်ဆေးဝါးဟာ ချင်းလူမျိုးများကိုဖျက်ဆီးနေတဲ့အရာဖြစ်လို့ ဆက်လက်တိုက်ဖျက်သွားမှာဖြစ်ကြောင်း၊ ကမ္ဘာအရပ်ရပ်ရှိ ချင်းလူမျိုးများအားလုံးအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ HPO တာဝန်ရှိသူတစ်ဦးကတိုက်တွန်းထားပါတယ်။

သတင်း – Jessie
ပုံအညွှန်း – မီးရှို့ဖျက်ဆီးထားတဲ့ မူးယစ်ဆေးများ
ဓါတ်ပုံ – Rihlipui Post

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed