October 6, 2025

မြန်မာနိုင်ငံသားအပါအဝင် လူသုံးဦးထံမှ ရူပီး ၃၅ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ မီဇိုရမ်၌ဖမ်းဆီးရမိ

0

Chinland Channel / ၁၆ နိုဝင်ဘာလ ၂၀၂၄

မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ပေါ်လျှပ်စစ်ရပ်ကွက်တွ မြန်မာနိုင်ငံသားတစ်ဦးနှင့် ဒေသခံနှစ်ဦးတို့ထံမှ ရူပီး ၃၅ သိန်းကျော်တန်ဖိုးရှိဘိန်းဖြူများဖမ်းဆီးရမိကြောင်း မီဇိုရမ်ဒေသတွင်းသတင်းဌာနဖြစ်သည့် Bengvarna ဖော်ပြချက်အရသိရသည်။

ဘိန်းဖြူများကို ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Bualte ကျေးရွာမှ အသက် (၃၅) နှစ်အရွယ် Lalrinzauva ၊ အိုင်ဇောလ်မြို့ လျှပ်စစ်ရပ်ကွက်မှာနေထိုင်သူ Lalchuanawma (အသက် ၃၆ နှစ်) နှင့် ဇိုခွါထာရ် ဒေသခံ Zabiakluaia (အသက် ၃၇ နှစ်) တို့ထံမှဖမ်းဆီးမိခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ 

မီဇိုရမ်မူးယစ်ဆေးဝါးနှိမ်နှင်းတိုက်ဖျက်ရေးနှင့်အာသံရိုင်ဖယ်တို့သည် ကြိုတင်ရရှိထားသော သတင်း အရ အိုင်ဇောလ်မြို့၊ လျှပ်စစ်ရပ်ကွက်၌ စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး အဆိုပါလူသုံးဦးထံမှ ၅၅ ဂရမ်အလေးချိန် ရှိဘိန်းဖြူများကိုဖမ်းမိခြင်းဖြစ်သည်း။ ဖမ်းဆီးထားသည့်ဘိန်းဖြူများသည် နိုင်ငံတကာပေါက်စျေးဖြင့် ရူပီး ၃၅.၇၅ သိန်းတန်းဖိုးရှိကြောင်းဖော်ပြထားသည်။

ဘိန်းဖြူများနှင့်အတူဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား အပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၌ ထိန်းသိမ်ထားပြီး စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများအက်ဥပဒေ ၁၉၈၅ အရ တရားစွဲဆိုသွားမည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုအလွန်မြင့်မားသော ပြည်နယ်ဖြစ်သည့် အလျောက် အစိုးရတာဝန်ရှိသူများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနများနှင့် အရပ်ဘက်အဖွဲအစည်းများမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုအလေးပေးဆောက်ရွက်လျက်ရှိသည်။

မီဇိုရမ်ပြည်နယ် အစိုးရ၏စာရင်းပြုစုချက်အရ ၁၉၈၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အောက်တိုဘာလ လကုန်အထိ မီဇိုရမ် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အမျိုးသား ၁၆၄၈ ဦး နှင့်အမျိုးသမီး ၂၂၅ ဦး အားလုံးပေါင်း ၁၈၇၃ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

လွန်ခဲ့သော နိုဝင်ဘာလ ၁၄ ရက်တွင် အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းအသင်းတော် အမျိုးသမီးဌာနမှ မီဇိုရမ်ပြည်နယ် အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၌အသုံးပြုရန် ဗဟိုမီဇိုးလူငယ်အဖွဲ့အစည်း ( CYMA ) ထံရူပီး ၁၀ သိန်း ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed