October 6, 2025

မျိုးနွယ်စုအရေးကိုရှေ့တန်းတင်ပြီး လက်နက်အားကိုးဖြင့်ခြိမ်းခြောက်ခြင်းများကို ဆက်လက်ကန့်ကွက်မယ်လို့ ဆို

0

Chinland Channel / ၃၀ မေ ၂၀၂၅

ချင်းပြည်၊ ဟွာလ်ငိုးရမ်းဒေသရှိ ကျေးရွာအုပ်ချုပ်ရေးဘုတ်အဖွဲ့ နဲ့ ဟွာလ်ငိုးရမ်အရံတပ်ဖွဲ့များဟာ မနေ့ မေလ ၂၉ ရက်မှာ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြရာ မျိုးနွယ်စုအရေးကို ရှေ့တန်းတင်ပြီး လက်နက်အားကိုး ဖြင့်ခြိမ်ခြောက်ခြင်း များကိုဆက်လက်ကန့်ကွက်မှာဖြစ်ကြောင်းအပါအဝင် အချက် ၄ ချက်ကို ပူးတွဲထုတ်ပြန် ထားပါတယ်။

အဆိုပါအစည်းအဝေးကနေ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဟွာလ်ငိုးရမ်းပြည်သူများ အေးချမ်း သာယာရေးနဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၂၁ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာဖွဲ့စည်းထားတဲ့ HPO/CDF- Hualngoram ရဲ့ လှုပ်ရှားဆောင်ရွက်မှုနဲ့ ဦးဆောင်မှုကိုဆက်လက်ထောက်ခံသွားမယ်လို့ဆိုပါတယ်။

ဟွာလ်ငိုးရမ် ဒေသန္တရအစိုးရဟာ ၂၀၂၃ ခုနှစ် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (ခ)၊ ပုဒ်မ (၅) နဲ့ အခန်း (၈) အရ ဖွဲ့စည်းထားတဲ့ ဒေသန္တရအစိုးရဖြစ်တာနဲ့အညီ ဌာနဆိုင်ရာအသီးသီးက ဟွာလ်ငိုးရမ်းပြည်သူများရဲ့ ပညာရေး ၊ ကျန်းမာရေး ၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စအဝဝ ဆောင်ရွက်ချက်များအပေါ် ဂုဏ်ပြုလျက် တက်အားသမျှဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုပါတယ်။

ဟွာလ်ငိုးရမ်းဒေသမှာ ရောင်စုံပန်းခြံသဖွယ် မျိုးနွယ်စုပေါင်းစုံမှီတင်းနေထိုင်ကြရာ အချင်းချင်းကြား ခွဲခြား ဆက်ဆံခြင်းမရှိဘဲ HPO/CDF-Hualngoram ရဲ့အစိုးရယန္တရားလည်ပတ်နိုင်မှုကို လေးစားပြီး အဖွဲ့အစည်း အမည်ဖြင့်ဖြစ်စေ၊ လူပုဂ္ဂိုလ်အနေဖြင့်ဖြစ်စေ မျိုးနွယ်စုအရေးကိုရှေ့တန်းတင်ပြီး လက်နက်အားကိုးဖြင့် ကိုယ်ထိလက်ရောက် ခြိမ်းခြောက်ခြင်းများကို ဆက်လက်ကန့်ကွက်ရှုတ်ချမယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် HPO/CDF-Hualngoram က ဟွာလ်ငိုးရမ်းပြည်သူများ အေးချမ်းသာယာရေးကိုထိပါးစေနိုင်တဲ့ ဘေးအန္တရယ်မှ ကာကွယ်နိုင်ရေးအတွက် စီမံဆောင်ရွက်ချက်များကို ကျေးရွာအုပ်ချုပ်ရေးဘုတ်အဖွဲ့ နဲ့ ဟွာလ်ငိုးရမ်အရံတပ်ဖွဲ့မှ လေးလေးနက်နက် ထောက်ခံကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed