မီဇိုရမ်မှာ မြန်မာနိုင်ငံသားခရီးသည်တစ်ဦးကမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၇ သိန်းကျော်ကို သုံးဘီးသမားကပိုင်ရှင်ထံ အကုန်ပြန်အပ်
Chinland Channel / ၂၀ ၊ ဇွန်လ၊ ၂၀၂၅
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ပေါ်မှာ လိုင်းဆွဲတဲ့သုံးဘီးသမားတစ်ဦးဟာ မြန်နိုင်ငံသား ကုန်သည်တစ်ဦးက သူ့သုံးဘီးအပေါ်မေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၇ သိန်းကျော် ( မြန်မာငွေနဲ့ သိန်းပေါင်း ၈၅၀) ဝန်းကျင် ကိုပိုင်ရှင်ထံ ပြန် ပေးခဲ့တယ်လို့ မီဇိုရမ်အခြေစိုက် Bengvarna သတင်းက ဖော်ပြထားပါတယ်။
အဆိုပါအမျိုးသားဟာ Pu Laltlawmliana ရဲ့သား Henry Lalhmingmuana ဖြစ်ပြီး လောင်တလိုင်မြို့ အမှတ် ၃ ရပ်ကွက်မှာနေထိုင်သူဖြစ်ကာ လောင်တလိုင်သုံးဘီးပိုင်ရှင်များအသင်း( Lawngtlai Auto Rickshaw Owner Association – LAROA)အသင်းဝင်တစ်ဦးလည်းဖြစ်ပါတယ်။
မြန်မာကုန်သည်တစ်ဦးဟာ မနေ့ ဇွန်လ ၁၉ ရက်နေ့ ၊ ည ၉ နာရီဝန်းကျင်မှာ လောင်တလိုင်မြို့၊ စျေးရပ်ကွက် ကနေ သုံးဘီးဌားပြီး သူတည်းခိုတဲ့ Husop Hotel ကိုအပြန် သုံးဘီးပေါ်မှာ ငွေသား ရူပီး ၁၇ သိန်းကျော် ထည့်ထား တဲ့ အိတ်မဲတစ်ခုကိုမေ့ကျန်ခဲ့တာဖြစ်ပါတယ်။
အဆိုပါငွေသားများ မေ့ကျန်ခဲ့တာကို မြန်မာကုန်သည်တစ်ဦးက သိရှိတဲ့အချိန်မှာ သူအသုံးပြုခဲ့တဲ့ သုံးဘီး လိုင်စင်နံပါတ်၊ ဖုန်းနံပါတ်များကို မသိတော့တာကြောင့် ဟိုတယ်ပိုင်ရှင်များထံ ပြောပြကာ စိတ်ပန်းကျနေတဲ့အ ချိန်မှာ သုံးဘီးသမားက ပြန်လှည့်လာပြီး အဆိုပါငွေသားအားလုံးကို လုံလုံခြုံခြုံနဲ့ပိုင်ရှင်ထံပြန်ပေးလိုက်တာလို့ ဆိုပါတယ်။
ယခုလိုမျိုး ခရီးသည်ကမေ့ကျန်ထားတဲ့ ငွေသားအများကြီးကို ကောင်းကောင်းမွန်မွန်ပြန်လည်ပေးအပ်တဲ့ သူတို့ အသင်းဝင် Henry Lalhmingmuana ကို လေးစားကြောင်းနဲ့ သူ့အတွက်ဂုဏ်ယူကြောင်း လောင်တလိုင်သုံးဘီးပိုင်ရှင်များအသင်း( Lawngtlai Auto Rickshaw Owner Association – LAROA) ဥက္ကဋ္ဌ ဖြစ်သူက ဒေသတွင်းသတင်းများကို ဖြေကြားထားပါတယ်။
သတင်း – Jessie
ပုံအညွှန်း – Henry Lalhmingmuana နဲ့ လောင်တလိုင်မြို့ သုံးဘီး ရပ်နားရာနေရာအားတွေ့ရပုံ
ဓါတ်ပုံ – လူမှုကွန်ယက်

