October 6, 2025

မီဇိုရမ်မှာ မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းပေးမယ်

0

Chinland Channel / ၂၁ မေ ၂၀၂၅

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့ ၊ လျှပ်စစ်ရပ်ကွက်မှာ ခိုလှုံနေထိုင်ကြတဲ့ မြန်မာ စစ်ဘေးရှောင်များရဲ့ မြန်မာနိုင်ငံသား စီစစ်ရေးကဒ်ပြား၊ မှတ်ပုံတင်ကို လျှပ်စစ်ရပ်ကွက်ကောင်စီ များက ယာယီသိမ်းထားမယ်လို့ မီဇိုရမ်အခြေစိုက် Bengvarna သတင်းဌာနက ဖော်ပြထားပါတယ်။

လျှပ်စစ်ရပ်ကွက် ကောင်စီတာဝန်ရှိသူများဟာ သူတို့ရပ်ကွက်အတွင်းနေထိုင်ကြတဲ့မြန်မာစစ်ဘေးရှောင်များ အနေဖြင့် သူတို့ရပ်ကွက်နဲ့ မြန်မာနိုင်ငံကို ကြိုက်သလိုအဝင်အထွက်လုပ်လို့မရအောင် မေလ ၂၀ ရက်နေ့ည ကနေစပြီး မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကဒ်များကို စတင်တောင်းခံသွားမယ်လို့သိရပါတယ်။

လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်တာဝန်ရှိသူများက ယခုလိုမြန်မာ စစ်ဘေးရှောင်များအနေဖြင့် မြန်မာနိုင်ငံနဲ့ သူတို့ရပ်ကွက်အတွင်း ကြိုက်တဲ့အချိန် ခရီးသွားတာဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေနိုင်သလို ဒေသတွင်း ပြည်သူများအတွက် အနှောင့်အယှက်ဖြစ်စေတာကြောင့် အခုလိုလုပ်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

ယခုလိုသိမ်းပေးထားတဲ့ မြန်မာမှတ်ပုံတင်များကို ကာယကံရှင်များက အရေးတကြီးလိုအပ်လာရင် ပြန်လည် ပေးအပ်ဖို့ စီစဉ်ထားတယ်လို့လည်း ဒေသတွင်းသတင်းက ဖော်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ်အတွင်းရှိ ခရိုင်တော်တော်များများမှာ မြန်မာစစ်ဘေးရှောင်များခိုလှုံနေထိုင်လျက်ရှိကြပြီး မြို့၊ ကျေးရွာ၊ ရပ်ကွက်အလိုက် စစ်ဘေးရှောင်များလိုက်နာရမယ့် အချက်များကိုထုတ်ပြန်ထားလေ့ရှိပေမယ့် မှတ်ပုံတင် သိမ်းခြင်းက လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက် ဒေသတွင်းကောင်စီ က စတင်ပြုလုပ်တာဖြစ်ပါတယ်။

သတင်း – Jessie
ဓါတ်ပုံ – လူမှုကွန်ယက်

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed