မီဇိုရမ်မှာ ခိုးမှုဖြင့် မြန်မာနိုင်ငံသားတစ်ဦးဖမ်းဆီးခံရ
Chinland Channel / ၁၁ ဩဂုတ် ၂၀၂၅
မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်ထဲမှာ ငွေသား ရူပီး နှစ်သိန်းခွဲ (၂၅၀,၀၀၀) နဲ့ မိုဘိုင်းဖုန်း ခိုးမှုဖြင့် မြန်မာနိုင်ငံသား တစ်ဦးနဲ့ ဒေသခံတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်း Maipawl က ဒီကနေ့ဖော်ပြ ပါတယ်။
ဖြစ်စဉ်မှာ မနေ့ ဩဂုတ်လ ၁၀ ရက်၊ တနင်္ဂနွေနေ့ မနက်ပိုင်း ၁၀ နာရီနဲ့ ၁၁ နာရီ ၁၅ မီနစ်အကြား၊ ဘုရားကျောင်း တက်စဉ်အတွင်း ကျန်ဖိုင်မြို့၊ Venglai ရပ်ကွက်မှာနေထိုင်တဲ့ Lalhlunpuia ရဲ့အိမ်ကို သူခိုးများဝင်ရောက်ခဲ့ပြီး စတီးဖြင့်ပြုလုပ်တဲ့ ဘီရိုထဲထည့်ထားတဲ့ ငွေသား ရူပီး နှစ်သိမ်းခွဲ နဲ့ လက်ကိုင်ဖုန်း (Redmi Note 12 )အခိုးခံခဲ့ ရတာဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်လို့ Lalhlunpuia က ကျန်ဖိုင်ခရိုင်ရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားရာ ရဲတပ်ဖွဲ့ဝင်များ က သူတို့ရရှိထားတဲ့တိုင်ကြားချက်ကို လိုက်လံစုံစမ်းရာ တီအိုချောင်းအနားမှာ စစ်ကိုင်းတိုင်း၊ လက်ပံချောင်း ဒေသခံဖြစ်တဲ့ Tuangsianthanga နဲ့သူငယ်ချင်းဖြစ်သူ Lalnunmawia တို့နှစ်ဦးကိုဖမ်းဆီးခဲ့တယ်လို့သိရပါ တယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်၊ ၅ ရက် နဲ့ ၈ ရက်နေ့တို့မှာ ကျန်ဖိုင်မြို့ရှိ အလယ်တန်းကျောင်းတစ်ကျောင်း ကို နာမည်မသိ လူတစ်ချို့က ဖောက်ဝင်ခိုးယူမှုဖြစ်ပွားခဲ့ရာ ကျောင်းတာဝန်ရှိသူများက တိုင်ချက်ဖွင့်ခဲ့ကြပါ တယ်။ အဆိုပါအမှုကို ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးကြည့်ရာ ခိုးမှုကို မြန်မာနိုင်ငံသားဖြစ်တဲ့ Tuangsianthanga က နဲ့ သူငယ်ချင်းဖြစ်သူကကျူးလွန်ခဲ့တာဖြစ်ကြောင်းအတည်ပြုခဲ့ကြတယ်လို့ဆိုပါတယ်။
အဆိုပါခိုးမှုနဲ့ပတ်သက်လို့ Tuangsianthanga ရဲ့သူငယ်ချင်းဖြစ်သူတစ်ဦးကတော့ လက်ရှိအချိန်ထိ လွတ်မြောက်နေဆဲဖြစ်တယ်လို့သိရပါတယ်။
ယခုဖမ်းဆီးခံရတဲ့ Tuangsianthanga နဲ့ Lalnunmawia တို့နှစ်ဦးရဲ့လက်ထဲကနေ ငွေသား ရူပီး နှစ်သိန်း တစ်သောင်းနဲ့ငါးထောင် ( ၂၁၅၀၀၀) ပြန်လည်သိမ်းဆည်းရမိတယ်လို့သိရပါတယ်။
သတင်း – Jessie
ပုံအညွှန်း – ခိုးမှုဖြင့်ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားနဲ့သူငယ်ချင်းဖြစ်သူတို့အားတွေ့ရစဉ်
ဓါတ်ပုံ – Maipawl
