October 6, 2025

မင်းတပ်မြို့နယ်တွင် တားမြစ်ထားသည့် အရက်၊ ဘီယာများ မီးရှို့ဖျက်ဆီး

0

Chinland Channel/ ၂၃ ဇွန်လ ၂၀၂၅

ချင်းပြည်၊ မင်းတပ်မြို့တွင် တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ပြည်သူ့ရဲဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မီးရှီု့ဖျက်ဆီးခဲ့သည်ဟု ကြားကာလမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်အတွင်း တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို ရှောင်တခင်စစ်ဆေးပြီး ဖမ်းဆီးရမိသည့် အရက်ဘီယာများကို ပိုင်ရှင်များနှင့် အများပြည်သူရှေ့တွင် ဇွန်လ ၂၀ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုအတွင်း ဖမ်းဆီးထားသော Yoma တံဆိပ်ပါ ဘီယာဘူး ၂၅ ဘူး၊ Tapper တံဆိပ်ပါ ဘီယာဘူး ၁၈လုံး၊ Grand Royal အရက်ပုလင်း ၃ လုံးနှင့် ၅ ဂါလံပုံး တစ်ပုံး ၊ ဝီစကီ အရက်ဘူး ၁၄ ဘူး ၊ ရွှေအရက်သန့် တံဆိပ်ပါ ၁ လီတာဘူး ၉ ဘူး၊ ရွှေအရက်သန့် တံဆိပ်ပါ အသေးဘူး ၄၁ ဘူး၊ လီဒါအရက်ဖြူသန့် တံဆိပ်ပါ ၁ လီတာဘူး ၁၂ ဘူး၊ လီဒါအရက်ဖြူသန့် တံဆိပ်ပါ အသေးဘူး ၁၀၅ဘူး၊ အားမာန်တံဆိပ်ပါ ပလပ်စတိတ်ဘူးသေး ၁ဘူးတို့ကို မီးရှိုဖျက်ဆီးခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် တိုက်ပွဲများ ဖြစ်ပွားစဉ်ကတည်းက ချင်းကာကွယ်ရေးတပ် (မင်းတပ်) စိုးမိုး ထိန်းချုပ်ထားသည့် မင်းတပ်မြို့နယ်ထဲရှိ မင်းတပ်- မတူပီ လမ်းမကြီး အပါအဝင် ကျေးရွာများတွင် မူးယစ်စေတတ်သော ပစ္စည်းများ သယ်ဆောင်ရောင်းချခြင်းကို ပိတ်ပင်ထားခြင်းဖြစ်ကြောင်း CDF -mindat၏ ထုတ်ပြန်ချက်များအရသိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မင်းတပ်မြို့ကို သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် မင်းတပ်မြို့နယ်တွင် ကြားကာလမင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူ့အုပ်ချုပ်ရေးဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

သတင်း- Joshua
ဓာတ်ပုံ- ကြားကာလမင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed