October 6, 2025

မင်းတပ်မြို့တွင် မိုင်း‌ပေါင်းစုံ ၂,၀၀၀ ကျော်ရှင်းလင်းပြီးဟုဆို

0

Chinland Channel/ ၈ မတ် ၂၀၂၅

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းပေါင်းစုံ စုစုပေါင်း ၂,၀၀၀ ထက်မနည်းကို ရှင်းလင်းထားပြီးဖြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မင်းတပ်မြို့အတွင်းပြည်သူများ ဘေးကင်းစွာ ပြန်လည်ဝင်ရောက်နေထိုင်ရန်အတွက် ပေါက်ကွဲစေတတ်သော မိုင်းများကင်းစင်ရေး ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ သောက်သုံးရေပေးဝေနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မိဘပြည်သူများအနေဖြင့် မိမိတို့ နေအိမ်၊ အဆောက်အအုံနှင့် လမ်းဘေးပတ်ဝန်းကျင်များ၌ မိုင်းနှင့် ပေါက်ကွဲစေတတ်သောအရာများ တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်းမပြုလုပ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ သတင်းပေးပို့ကြရန် မင်းတပ်မြို့နယ်(ပအဖ)က တိုက်တွန်းထားသည်။

မင်းတပ်မြို့နေဒေသခံများအား မြို့တွင်းသို့ ရက်သတ္တပတ်အတွင်း နှစ်ရက်တာ ဝင်ခွင့်ပြုမည်ဟု ဖေဖော်ဝါရီ ၉ ရက်နေ့ တွင် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကြေညာခဲ့သည်။

မြို့ထဲ ပြန်လည်နေထိုင်မည့် ပြည်သူများ လိုက်နာရန် အချက် ၁၂ ချက်နှင့် ကုန်စည်တင်ဆောင်ပြီး မြို့ဖြတ်သန်းမည့် ယာဉ်မောင်းများ လိုက်နာရန် အချက် ၉ ချက်နှင့်အတူထုတ်ပြန်ထားခြင်းဖြစ်သည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့နှင့်အတူ အာရက္ခတပ်တော် (AA)၊ ယောကာကွယ်ရေးတပ် (YDF) ၊ ယောတပ်တော် (YA)နှင့် မုံရွာခရိုင် PDF တပ်ရင်း (၃)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ခုနှစ် ၊ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း- Joshua
ပုံစာ- မင်းတပ်မြို့ပေါ်တွင် ရှင်းလင်းထားသော မိုင်းများအားတွေ့ရစဥ်။
ဓာတ်ပုံ- မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed