October 6, 2025

နောက်ဆက်တွဲ သတင်း  : ဟားခါးမြို့အနီး၊ စစ်ကောင်စီတပ်ရင်း ၂၂၂ လက်အောက်ခံတပ်စခန်းအား ချင်းလဲန်းအစိုးရတပ်ဖွဲ့မှ သိမ်းပိုက်မှု တပ်ရင်းမှူးအပါအဝင် အရာရှိ ၄ ဦးသေဆုံး၊ လက်နက်အမြောက်အများ သိမ်းဆည်းမိ

0

Chinland Channel / ၃၀ နိုဝင်ဘာ ၂၀၂၄ 

ဟားခါးနဲ့ ထန်တလန်ကြားမှာရှိတဲ့ စစ်ကောင်စီ ခလရ ၂၂၂  ကို ချင်းလဲန်းအစိုးရ တပ်ဖွဲ့ကနေ ဒီကနေ့ နိုဝင်ဘာ ၃၀ မွန်းလွဲပိုင်းအကျော်မှာပဲ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် အရာရှိ ၄ ဦးသေဆုံးပြီး စစ်ကောင်စီ တပ်သား ၃၀ ကျော်အရှင်ဖမ်းမိကာ၊ လက်နက်ခဲယမ်း ၄၀ ကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

“ ဟားခါးနဲ့ ထန်တလန်အကြား ၊ ဟားခါးမြို့အထွက်မှာရှိတဲ့ ခလရ ၂၂၂၊ တပ်ရင်းမှူး ဦးဆောင်တဲ့ အင်အား ၅၀ ခန့်ရှိတဲ့ စခန်းတစ်ခုကို ဒီကနေ့မှာပဲ ကျနော်တို့ ချင်းလဲန်းအစိုးရတပ်ဖွဲ့အနေနဲ့ အပြီးသိမ်းနိုင်ခဲ့တာပေါ့။ ကျည်ဆံတွေနဲ့အတူ လက်နက်ပေါင်းက အလက် ၄၀ သိမ်းနိုင်ခဲ့တယ်။ တပ်ရင်းမှူးအပါအဝင် တပ်အရာရှိ ၂ ဦးရယ်၊ ရဲမှူး ၁ ဦးရယ် ကို အသေမိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးကတော့ သူတို့ကိုယ်တိုင် လက်နက်ချ ၊လက်မြှောက်တယ်။ ၁၉ ဦးကတော့ အရှင်ဖမ်းဆီးမိတယ်။ စခန်းထဲမှာ အလောင်း ၁၁ လောင်းတော့ တွေ့ရတယ်။ ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းငယ်ရဲ့ အခြေအနေကိုတော့ မပြောနိုင်သေးဘူး။ စခန်းတွင်း ရှင်းလင်းမှု လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ “

ချင်းလဲန်းကောင်စီ တွဲဖက်အတွင်းရေးမှူး – ၁၊ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီရဲ့ Chinland Channel ကိုပြောပြချက် ဖြစ်ပါတယ်။ 

လက်ရှိမှာ ထန်တလန်မြို့နဲ့တကွ ထန်တလန်နဲ့ ဟားခါးအကြားမှာ ချင်းလဲန်းကောင်စီ/ချင်းလဲန်းအစိုးရတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed