ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ဆိုင်းငံ့ခံရ
Chinland Channel / ၁ ဇူလိုင် ၂၀၂၅
ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်သူ ပေထုံတန်ရှင်နာဝပ် ( Paetongtarn Shinawatra) ဟာ ကမ္ဘာဒီယား ခေါင်းဆောင် ဟောင်းဖြစ်သူနဲ့ ဖုန်းပြောဆိုခဲ့တဲ့အသံဖိုင်ပေါက်ကြားပြီးနောက် ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့မှာ ရာထူးကနေ ဆိုင်းငံ့ခံလိုက်ရပါတယ်။
အသက် ၃၈ နှစ်အရွယ် ပေထုံတန်ရှင်နာဝပ် ( Paetongtarn Shinawatra) ဟာ ဝန်ကြီးချုပ်ရာထူးကို ၁၀ လ ကြာ ရယူပြီးနောက် အခုလို ဆိုင်းငံ့ခြင်းခံရတာဖြစ်ပါတယ်။
ပေထုံတန်ရှင်နာဝပ် ( Paetongtarn Shinawatra) ဟာ ကျင့်ဝန်စံနှုန်းများကိုဖောက်ဖျက်တယ်လို့စွပ်စွဲထားတဲ့ အထက်လွှတ်တော်အမတ် ၃၆ ဦးမှတင်သွင်းတဲ့ အသနားခံစာကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံခဲ့ပြီးနောက် စစ်မှန်ကြောင်းအတည်ပြုခဲ့ပါတယ်။
ပေထုံတန်ရှင်နာဝပ် ( Paetongtarn Shinawatra) ဟာ ကျင့်ဝန်ဆိုင်ရာစီရင်ချက်မချမချင်း သူ့ရဲ့ဝန်ကြီးချုပ် ရာထူးကိုဆိုင်းငံ့ခံရမှာဖြစ်ပေမယ့် အစိုးရအဖွဲ့ဝင်အဖြစ် ယာဉ်ကျေးမှုဝန်းကြီးအဖြစ်ဆက်ရှိနေမှာဖြစ်ပါတယ်။
ကမ္ဘာဒီယား ခေါင်းဆောင်ဟောင်း ဟွန်ဆွန်နဲ့ ဖုန်းပြောဆိုမှုပေါက်ကြားပြီးနောက် ထိုင်းဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုမှုများတိုးမြင့်လာနေပြီး ပြီးခဲ့တဲ့ စနေနေ့မှာ ဒေါသထွက်နေကြတဲ့ ထိုင်းပြည်သူတွေဟာ ဆန္ဒပြဖို့ လမ်းမပေါ်ကိုထွက်လာခဲ့ကြတယ်။
ပေါက်ကြားခဲ့တဲ့ အသံဖိုင်မှာ ထိုင်းဝန်ကြီးချုပ်က ဟွန်ဆွန်ကို “ဦးလေး” လို့ခေါ်ဆိုခြင်းအပါအဝင်သူမရဲ့ မှတ်ချက် များဟာ ထိုင်းနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အတိုက်ခံများက စွပ်စွဲခဲ့ကြပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလက်ခံကြောင်း၊ သူမရဲ့ရည်ရွယ်ချက် ဟာနိုင်ငံတော်အတွက်အမှန်တကယ်လုပ်ဆောင်ရန်ဖြစ်ကြောင်း၊ အချုပ်အချာအာဏာကိုကာကွယ်ဖို့၊ စစ်သည် တွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့တာဖြစ် ကြောင်း နဲ့ ဒီကိစ္စမှာ စိတ်မကောင်းဖြစ်တဲ့ထိုင်းနိုင်ငံသားအားလုံးကိုတောင်းပန်ကြောင်း ပြောကြားထားပါတယ်။
ကိုးကား – CNN
သတင်း – Jessie
ပုံအညွှန်း – ရာထူးကနေ ဆိုင်းငံ့ခံလိုက်ရတဲ့ ထိုင်းဝန်ကြီးချုပ်
ဓါတ်ပုံ – လူမှုကွန်ယက်
