ထိုင်းနိုင်ငံမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျလို့ ရဲအရာရှိသုံးဦးသေဆုံး
Chinland Channel / ၂၄ မေ ၂၀၂၅
ထိုင်းနိုင်ငံ၊ Prachuap Khiri Khan ပြည်နယ်၊ Muang ခရိုင်ထဲမှာ ထိုင်းရဲတပ်ဖွဲ့ရဟတ်ယာဉ်တစ်စီး ဒီကနေ့ မွန်းလွဲတစ်နာရီ ဝန်းကျင် မှာပျက်ကျခဲ့လို့ လိုက်ပါလာသူ ရဲအရာရှိ ၃ ဦးသေဆုံးက တစ်ဦးက လေထီးဖြင့်ခုန်ချခဲ့ပါတယ်။
Kanchanaburi Police Aviation Unit မှBELL 212 ရဟတ်ယာဉ်ဟာ မွန်းလွဲတစ်နာရီခန့်မှာ စက်ချို့ယွင်းမှု ကြောင့်ပျက်ကျခဲ့ခြင်းဖြစ်ပြီးရဟတ်ယာဉ်ဟာမီးတောက်လောင်ခဲ့တာကြောင့် မီးသတ်သမားတွေနဲ့ ကယ်ဆယ် ရေးသမားများက မီးငြိမ်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ထားပါတယ်။
အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးနှစ်ဦးနဲ့ လေယာဉ်စက်ပြင်တစ်ဦးတို့သေဆုံးခဲ့ကြောင်း Fire & Recue Thailand Facebook စာမျက်နှာကနေဖော်ပြထားပြီး လေထီးခုန်ချသူရဲ့အကြောင်းကိုတော့ အတိအကျ မသိရသေးဘူးလို့ဆိုပါတယ်။
လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူတွေက လေယာဉ်မှူးများဖြစ်ကြတဲ့ Pol Maj Pratuang Chulet နဲ့ Pol Capt Songpol Boonchai တို့အပြင် လေယာဉ်စက်ပြင်ဆရာ Pol Lt Thinakrit Suwannoi တို့ဖြစ်ကြပါတယ်။
ထိုင်းနိုင်ငံရဲ့အမျိုးသားရဲချုပ် Kitharat Punpetch က သေဆုံးသွားသူများရဲ့မိသားစုအပေါ် အလေးထားပြီး ဝမ်းနည်းကြောင်းရင်တွင်းစကားဆိုခဲ့သလို ဗိုလ်မှူးကြီး ကစ်သရတ်က လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနများကအမြန်ဆုံးစုံစမ်းမှုများလုပ်ရန်နဲ့ မိသားစုများကို ချက်ချင်းထောက်ပံ့ကူညီရန်ညွှန်ကြား ထားပါတယ်။
ဒီကနေ့လေယာဉ်ပျက်ကျမှုဟာ Parachuap Kiri Khan ပြည်နယ်အတွင်း ဒီနှစ်ထဲမှာ ရဲရဟတ်ယာဉ်ပျက်ကျမှု ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်မှာလည်း ဟွာဟင်လေဆိပ်အနီး ပင်လယ်ထဲ ရဲရဟတ်ယာဉ်တစ် စီးပျက်ကျခဲ့ရာ လိုက်ပါသွားတဲ့ ရဲအရာရှိ ၆ ဦးစလုံးသေဆုံးခဲ့ရပါတယ်။
ကိုးကား: Bangkok Post
သတင်း – Jessie
ပုံအညွှန်း – ပျက်ကျခဲ့တဲ့ ရဲရဟတ်ယာဉ်
ဓါတ်ပုံ – Bangkok Post

