October 6, 2025

တမူးမြို့နယ်မှာစစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရလို့ ၆ ဦးသေဆုံးပြီးလက်နက် ၉ လက် သိမ်းဆည်း

0

Chinland Channel / ၁၁ ဩဂုတ် ၂၀၂၅

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်လို့ စစ်ကေင်စီဘက်မှ ၆ ဦးသေဆုံးပြီး လက်နက် ၉ လက်သိမ်းဆည်းရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် ၁ စစ်ဒေသက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့များရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့နန်မွန်းတားကျေးရွာဘက်ကို ခလရ-၂၂၈ နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး အဆိုပါ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ၊ စစ်အုပ်စုဖက်မှ ၆ ဦးသေဆုံးပြီး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း လက်နက် (၉) လက်နဲ့ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တမူးခရိုင် စစ်ကြောင်း၊ မော်လိုက်ခရိုင် စစ်ကြောင်း၊ ကလေးခရိုင် စစ်ကြောင်း၊ KNA(B)၊ NLA နဲ့ ချင်းအမျိုးသားတပ်ဦး (CAN) တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နန်မွန်းတားရွာ ဘုရားကျောင်းသို့ တံတားဦးမှ တက်လာသော Yak-130 (၁) စီးဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံးကြဲချ တိုက်ခိုက်ပြီး တံတားဦးလေတပ်မှ တက်လာသော MIG-29 (၁) စီးဖြင့် Cluster ဗုံးကြဲချ တိုက်ခိုက်ခဲ့တဲ့အပြင် ရန်သူ့ဘက်မှ OWA အသေခံဒရုန်း အမျိုးအစားများကိုလည်း အသုံးပြုခဲ့ကြတယ်လို့သိရ ပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် (၅) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး လက်နက် (၃) လက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – Jessie
ပုံအညွှန်း – သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းနဲ့စစ်ကောင်စီဗုံးကြဲလို့ပျက်စီးတဲ့ဘုရားကျောင်း
ဓါတ်ပုံ- အမှတ် ၁ စစ်ဒေသ

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed