ချင်းလူငယ်ဖိုက်တာ Joshua Van ပြိုင်ဘက်ကိုအလဲထိုးပြီးအနိုင်ရ
Chinland Channel / ၈ ဇွန် ၂၀၂၅
ချင်းလူငယ်၊ UFC ဖိုက်တာ Joshua Van ဟာ ဒီကနေ့မနက်ပိုင်းမှာ ထိုးသတ်သွားတဲ့ပွဲမှာ ပြိုင်ဘက်ကိုအလဲထိုးပြီး အနိုင်ရရှိသွားပါတယ်။
UFC ဖလိုင်းဝိတ်တန်းမှာ အလဲထိုးနှုန်းအမြင့်ဆုံး နဲ့ လက်ရှိအဆင့် ၁၂ မှာရှိနေတဲ့ ဘရာဇီးဖိုက်တာ ဘရူနိုဆေးဗား ကို ချင်းလူငယ်ဖိုက်တာက တတိယအချီမှာ အလဲထိုးသွားတာဖြစ်ပါတယ်။
ပွဲစကတည်းကနေ ချင်းလူငယ်လေးက လှုပ်ရှားမှုမြန်မြန်ဆန်ဆန်ဖြင့် ပြိုင်ဘက်ကိုချဉ်းကပ်ကစားခဲ့ပြီး ပြိုက်ဘက်အားသာချက်ဖြစ်တဲ့ ညာဝိုက်လက်သီးတွေကို ဂရုတစိုက်နဲ့ ကိုင်တွယ်ပြက ကောင်တာလက်သီးတွေနဲ့ ပြန်တုံ့ပြန်နိုင်ခဲ့ပြီး ပထမအချီမှာတင် ပြိုင်ဘက်ကိုလဲကျသွားအောင်ထိုးနိုင်ခဲ့ပါတယ်။
ဒုတိယအချီမှာလည်း ပြိုင်ဘက်ကို ဆက်တိုက် တိုက်စစ်ဖွင့်ကစားသွားကာ နှစ်ကြိမ်တိုင်တိုင် မြေပေါ်လဲကျ အောင်ထိုးသတ်နိုင်ခဲ့ပြန်ပါတယ်။
တတိယအချီမှာ ပြိုင်ဘက်ကလည်းကစားဟန်တွေပြောင်းပြီး ခြေကန်လိုက်၊ ဝိုက်ထိုးလိုက်၊ နပန်းလုံးဖို့ကြိုးစား လိုက်လုပ်နေပေမယ့် ချင်းလူငယ်လေးက အကောင်းဆုံးကိုင်တွယ်သွားပြီးတော့ တတိယအချီပြီးခါနီးလေးမှာ အလဲထိုးသွားတာဖြစ်ပါတယ်။
ဗန်ဟာ UFC ရောက်ပြီးနောက်ပိုင်း ၈ ပွဲထိုးသတ်ထားပြီဖြစ်ကာ လက်ရှိအချိန်ထိ စွမ်းဆောင်ရည်ကောင်းတွေ ချပြ ထားပြီးတော့ ၇ ပွဲကိုအနိုင်ရရှိထားပါတယ်။
Johsua Van ဟာ သမိုင်းတစ်လျှောက်မြန်မာပြည်ဖွားဖိုက်တာတွေထဲကနေ UFC မှာပထမဆုံးအကြိမ် ပါဝင်ထိုး သတ်ခွင့်ရရှိထားသူဖြစ်ပြီးတော့ စွမ်းဆောင်ရည်ကောင်းတွေလည်းချပြနေသူဖြစ်ပါတယ်။
သတင်း – Jessie
ဓါတ်ပုံ – လူမှုကွန်ယက်

