October 6, 2025

ချင်းပြည် ( Chinland ) ကောင်စီ ဦးဆောင်အဖွဲ့ ပုံမှန်အစည်းအဝေး ကျင်းပ

0

ချင်းလုံ / ၂၆ သြဂုတ် ၂၀၂၅

ချင်းပြည် ( Chinland ) ကောင်စီ ဦးဆောင်အဖွဲ့​၏ ၅ /၂၀၂၅ အစည်းအ​ဝေး အား သြဂုတ် ၂၂ – ၂၃ နေ့ရက်များတွင် ချင်းလုံမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးသို့ အစုအဖွဲ့ (၃) ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ချင်းပြည် (Chinland) ကောင်စီနှင့် မဏ္ဍိုင် (၃) ရပ်၏ ၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးလိုအပ်ချက် ပြည့်မီနိုင်ရေး၊ ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်းအတွက်
မဏ္ဍိိိုင် (၃) ရပ်အကြီးအကဲများ ရွေးချယ်တင်မြောက်ရေး ကော်မတီကိစ္စ၊ ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်း၊ ချင်းပြည် အစိုးရအဖွဲ့ ဝန်ကြီးဌာနများ ကျစ်လစ်စွာ ဖွဲ့စည်းနိုင်ရေး ကိစ္စရပ် စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

“ ဒီတခေါက် အစည်းအဝေးမှာတော့ agenda အတော်လေးများပါတယ်။ အဓိကထား ဆွေးနွေးဖြစ်ခဲ့ကြတာက ၂၀၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာလိုအပ်ချက် ပြည့်မီရေး ကိစ္စရပ်ပါဝင်တယ်။ ပြီးတော့ နောက်လာမယ့် ချင်းပြည် (Chinland) ကောင်စီရဲ့ ဒုတိယသက်တမ်းအတွက် မဏ္ဍိုင် ၃ ရပ် အကြီးအကဲတွေ တင်မြောက်နိုင်ရေးကို ဆောင်ရွက်မယ့် ရွေးချယ်တင်မြောက်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် နောက်လာမယ့် ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်းမှာ ချင်းပြည်အစိုးရရဲ့ ဝန်ကြီးဌာနတွေကို ကျစ်လစ်စွာ ဖွဲ့စည်းနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့တာ ရှိပါတယ်။ နောက်ပြီးတော့ ချင်းပြည် (Chinland) ကောင်စီမှာ အဖွဲ့ဝင်သစ်အဖြစ် လျှောက်ထားကြတဲ့ အဖွဲ့တွေရဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးနိုင်ခဲ့ပါတယ် “ – ဟု ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Salai James မှ Chinland Channel ကို ဖြေကြားထားသည်။

( chinlandchannel မှ တင်ဆက်နေသော သတင်းများကို www.chinlandchannel.info တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ )

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed