၅ လအတွင်း မီဇိုရမ်မှာ မူးယစ်ဆေးသုံးစွဲသူ ၂၉ သေဆုံး
Chinland Channel / ၂၇ မေ ၂၀၂၅
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲမှာ ဒီနှစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ မေလ ၂၇ ရက်နေ့အထိ ၅ လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၂၉ ဦးသေဆုံးခဲ့ရပြီလို့ ဒေသတွင်းသတင်းများက ဒီကနေ့ဖော်ပြထားပါ တယ်။
မီဇိုရမ်ပြည်နယ်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနရဲ့စာရင်းအရ ဒီနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ကြောင့် သေဆုံးသူ ၂၉ ဦးရှိခဲ့ပြီး သူတို့အနက် ၂၄ ဦးက အမျိုးသားများဖြစ်ကြကာ ကျန် ၅ ဦးကအမျိုးသမီး များဖြစ်ကြတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀၂၄ ခုနှစ်တစ်နှစ်ထဲမှာ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူပေါင်း ၆၇ ဦး သေဆုံးခဲ့ပြီး သူတို့အနက် ၅၈ ဦးကအမျိုးသားများဖြစ်ကြကာ ၉ ဦးကအမျိုးသမီးများဖြစ်ကြတယ်လို့သိရ ပါတယ်။
မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးကြောင့် သေဆုံးသူများထဲမှ အများစုမှာ ဘိန်းဖြူသုံးစွဲမှုကြောင့် သေဆုံး ကြတာဖြစ်ပြီး ဘိန်းဖြူနဲ့ တစ်ခြားသောမူးယစ်ဆေး ရောနှောသုံးစွဲခြင်းကြောင့်သေဆုံးသူများလည်းရှိ တယ်လို့ဆိုပါတယ်။
၁၉၈၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူပေါင်း ၁၉၀၈ သေဆုံးခဲ့ပြီဖြစ်ကာ သေဆုံးသူများအနက် ၁၆၇၇ ဦးကအများသားနဲ့ ၂၃၁ ဦးကအမျိုးသမီးများဖြစ် ကြတယ်လို့သိရပါတယ်။
အဆိုပါ ၁၉၈၄ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်ကြားမှာ ၂၀၀၄ ခုနှစ်က တစ်နှစ်အတွင်းမူးယစ်ဆေးသုံးစွဲမှုကြောင့် သေဆုံးသူအများဆုံးနှစ်ဖြစ်ကာ တစ်နှစ်ထဲမှာတင် လူပေါင်း ၁၄၃ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
သတင်း – Jessie
ပုံအညွှန်း – မီဇိုရမ်ပြည်နယ်အတွင်းဖမ်းဆီးရမိတဲ့ ဘိန်းဖြူများ
ဓါတ်ပုံ – လူမှုကွန်ယက်
