October 6, 2025

အချင်းချင်းကြားပဋိပက္ခမှာ မည်သည့်အဖွဲ့ကိုမှအားမပေးဘူးလို့ CDF-Paletwa ထုတ်ပြန်

0

Chinland Channel / ၇ ဇူလိုင်လ ၂၀၂၅

လက်ရှိချင်းပြည်အတွင်းဖြစ်ပျက်နေတဲ့ ကိစ္စများနဲ့ပတ်သက်လို့ Chinland Defense Force – paletwa ကတော့ အချင်းချင်းကြားပဋိက္ခမှာ မည်သည့်အဖွဲ့အစည်းကိုမှာ အားပေးမှာမဟုတ်ကြောင်း ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

CDF-Paletwa ဟာ ချင်းပြည်လွတ်မြောက်ရေး၊ အမျိုးသားတည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက် ရေးမှာ ရည်မှန်းချက်တူတော်လှန်ရေးတပ်ဖွဲ့များနဲ့ ဆက်လက်ပူးပေါင်းသွားမှာဖြစ်ပြီး လက်ရှိချင်းပြည်အတွင်း ဖြစ်ပွားနေတဲ့ လူမျိုးချင်းတူညီအကိုများကြား သွေးထွက်သံယိုမှုကိစ္စဟာ ချင်းလူမျိုးများရဲ့သွေးစည်းညီညွတ်ရေး လမ်းစဉ်ကိုလွန်စွာထိခိုက်စေတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် ချင်းလူမျိုးအချင်းချင်းကြား ဘုံရန်သူကိုတိုက်ထုတ်နေတဲ့ တော်လှန်ရေးကာလအတွင်း လူမျိုးနွယ်စု/ ဒေသအရေးများမှာ ဝင်ရောက်စွက်ဆက်ပူးပေါင်းပါဝင်ဖို့ လုံးဝအားမပေးကြောင်းနဲ့ အချင်းချင်းကြား ပဋိပက္ခဖြစ် စေတဲ့မည်သည်တော်လှန်ရေးအဖွဲ့အစည်းကိုမှ အားပေးထောက်ခံမှာမဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။

CDF-Paletwa ဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ပျက်သုန်းရေး၊ မြန်မာပြည်အတွင်းစစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရယ်စီပေါ်ထွန်းလာရေးကိုအကောင်အထည်ဖော်ရန် ၂၀၂၁ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီကင်းစင်ပြီဖြစ်တဲ့ HPO/CDF-Hualngoram ထိန်းချုပ်ထားရာဒေသကို ချင်းအမျိုးသား အဖွဲ့ချုပ် ( CNO/CNDF) က ဝင်ရောက်စီးနင်းခဲ့တာကြောင့် နှစ်ဖက် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားရာ ရိဒ်ခေါဒါရ် မြို့ကို ဇူလိုင်လ ၅ ရက်နေ့မှာ CNO/CNDF က ထိန်းချုပ်ထားပါတယ်။

အဆိုပါ ရိဒ်ခေါဒါရ်မြို့အပါအဝင် ဟွာလ်ငိုးရမ်းဒေသကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF-Hualngoram အပါဝင် ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ဝင်ဘာလထဲမှာ အကြမ်းဖက်စစ် ကောင်စီလက်ကနေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

သတင်း – Jessie

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed