အကြမ်းဖက်စစ်တပ်က ချွန်ကျုံးကျေးရွာအား လေကြောင်းတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချပြီးလိုအပ်တဲ့ အကူအညီများပေးအပ်သွားမယ်လို့ ချင်းပြည် (Chinland) အစိုးရထုတ်ပြန်
Chinland Channel / ၁၁ ဒီဇင်ဘာ ၂၀၂၄
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုပြုလုပ်တဲ့အပေါ်ပြင်းထန်စွာရှုတ်ချကြောင်းနဲ့ ချွန်ကျုံးကျေးရွာကို လိုအပ်တဲ့ အကူအညီတွေပေးအပ်သွားမယ်လို့ ချင်းပြည်(Chinland ) အစိုးရက မနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဒီဇင်ဘာလ ၉ ရက်၊ နံနက်ပိုင်း ၂ နာရီဝန်းကျင်မှာ ချွန်ကျုံးကျေးရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးခဲ့သလို ပြင်းထန်ဒဏ်ရာရရှိသူ ၆ ဦးအပြင်ဒဏ်ရာရရှိ သူ ၁၀ ဦးထက်မနည်းရှိခဲ့ပြီး ပြည်သူနေအိမ် ၁၅ လုံးထက်မနည်းပျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက အခုလိုပြည်သူများနဲ့ သူတို့ရဲ့နေအိမ်တွေကိုပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတာကို ချင်းပြည် (Chinland ) အစိုးရက ပြင်းထန်စွာရှုတ်ချတယ်လို့ ဖော်ပြထား ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီး ချင်းပြည်( Chinland) ရှိပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုနေ့စဉ်နဲ့အမျှ ခြိမ်းခြောက်တဲ့အပြင်လူမျိုးသုန်းသတ်ဖြတ်မှုများကိုစဉ်ဆက်မပြတ် ရက်စက်စွာကျူးလွန်နေတယ်လို့ဆိုပါတယ်။
ချင်းပြည်သူလူထုများအပေါ် စစ်ကောင်စီက စဉ်ဆက်မပြတ်ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုများကို နိုင်ငံတ ကာအဖွဲ့အစည်းများက အမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ရေးကို ချင်းပြည်( Chinland ) အစိုးရမှစဉ်ဆက်မပြတ်ဖိအားပေး ဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ချွန်ကျုံးကျေးရွာမှ သေဆုံးသွားကြတဲ့ပြည်သူများ၊ ဒဏ်ရာရရှိသွားတဲ့ပြည်သူများ နဲ့ သူတို့ရဲ့နေအိမ်ပျက်စီးမှုများအပေါ် လွန်စွာဝမ်းနည်းပြီး သူတို့အတွက် လိုအပ်တဲ့ ဆေးဝါးအကူအညီနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ဆောင်ရွက်သွား မယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – Jessie

