October 6, 2025

ဟွာလ်ငိုးရမ်းဒေသရှိ ကားလမ်းမကြီးများတွင် ဇွန်လ ၁၅ရက်မှ အောက်တိုဘာလကုန်အထိ ၁၀ဘီးနှင့်အထက် ယာဥ်များဖြတ်သန်းခြင်း မပြုရန် အသိပေး

0

Chinland Channel/ ၁၁ ဇွန်လ ၂၀၂၅

ချင်းပြည်၊ ဟွာလ်ငိုးရမ်းဒေသအတွင်း ကားလမ်းမကြီးများတွင် ယခုဇွန်လ ၁၅ရက်မှ အောက်တိုဘာလကုန်အထိ ၆ဘီး (ရှည်)၊ ၁၀ ဘီးနှင့် အထက် ယာဥ်များဖြတ်သန်းသွားလာခြင်းမပြုရန် ဟွာလ်ငိုးရမ်းဒေသန္တရအစိုးရ ပြည်သူ့လုပ်ငန်းဦးစီးဌာန (PWD)က အသိပေးထုတ်ပြန်သည်။

Hualngoram Peoples Organization(HPO)၏ (၁၁)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် အမှတ်စဉ်(၇)အရ တီးတိန်-ရိဒ်လမ်း၊ ဖလမ်း- ရိဒ်လမ်း၊ ဟေလေး- ရိဒ်လမ်းများတွင် ယာဥ်ကြီးများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း HPO တာဝန်ရှိသူက Chinland Channel ကိုပြောသည်။

“ကားကြီးမပိတ်ရင်တော့ လမ်းပြင်တာ မနိုင်ဘူး။ မိုးတွင်းမှာတော့ Forland နဲ့ ခြောက်ဘီး (အတို) တွေ အထိပဲခွင့်ပြုမယ်။ နှစ်တိုင်း ပိတ်နေကြပါ။ လမ်းအရမ်းပျကိစီးလို့ ။ ပြင်ထိန်းပြန်လုပ်ရတာ မနိုင်ဘူးဆိုတော့ မိုးတွင်းမှာ ကားကြီးပိတ်ဖို့ လုပ်ထားပါတယ်။” HPO တာဝန်ရှိသူက Chinland Channel ကို ဆိုသည်။

မိုးရာသီအတွင်း လမ်းပိုမိုပျက်စီးခြင်းမှ ကာကွယ်နိုင်ရန်နှင့် လမ်းအသုံးပြုသည့်ပြည်သူများ ပိုမိုချောမွေ့ စွာသွားလာ နိုင်ရေးအတွက် ယာဥ်ကြီးများဖြတ်သန်းခွင့်ပိတ်ထားခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိပါက အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်သည်။

ပြီးခဲ့သည့်နှစ်များတွင်လည်း ယခင်လမ်းဦးစီးဌာနမှ အဆိုပါလမ်းပိုင်းများအား ဇွန်လမှ အောက်တိုဘာလအထိ ယာဥ်ကြီးများသွားလာခွင့်ပိတ်ပင်ခဲ့သေးကြောင်း Hualngoram Peoples Organization(HPO) ထံမှ သိရသည်။

သတင်း- Joshua
ပုံ- Hualngoram Peoples Organization(HPO)

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed