ဟားခါး-မတူပီလမ်းပြုပြင်နေချိန် မော်တော်ယာဉ်များဖြတ်သန်းခွင့်မပြုကြောင်း CDF-Matupi ထုတ်ပြန်
Chinland Channel/ ၇ ဇူလိုင်လ ၂၀၂၅
ချင်းပြည်တွင် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျချောင်းရေများကြောင့် ဟားခါး-မတူပီ လမ်းမကြီးသည် များစွာယိုယွင်းပျက်စီးနေသဖြင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) မှ ယနေ့ထုတ်ပြန်သည်။
ထိုသို့ ထိန်းသိမ်းပြုပြင်နေသည့်ကာလအတွင်း နေရပ်ပြန်စစ်ဘေးရှောင်ပြည်သူများ၏ မော်တော်ယာဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော NGO/INGOs မော်တော်ယာဉ်များ၊ တော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းများ၏ မော်တော်ယာဉ်များသာ ဖြတ်သန်းသွားလာခွင့်ပြုထားသည်ဟု ဆိုသည်။
ကျန်မော်တော်ယာဉ်အားလုံးကို ဇူလိုင်လ ၇ ရက် ၂၀၂၅ ခုနှစ်မှစ၍ နောက်ထပ်ထုတ်ပြန်ချက်တစုံတရာ မထွက်လာသည်အထိ ဟားခါး-မတူပီလမ်းမကြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
Chinland Defense Force-Matupi တပ်မဟာ(၂) အမည်နာမကို Chinland Defense Force-Matupi အဖြစ် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် ပြန်လည်ပြောင်းလဲခဲ့သည်။
သတင်း – Joshua


