October 6, 2025

မီဇိုရမ်ရောက် CDM စစ်သား၊ရဲများကို လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် စစ်ဥပဒေဆိုင်ရာများ ပညာပေးဆွေးနွေး 

0

Chinland Channel / ၂၃ နိုဝင်ဘာ ၂၀၂၄

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်မြို့တွင် ရောက်ရှိနေထိုင်နေသည့် CDM စစ်သား၊ရဲများအား လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)၊ အသွင်ကူးပြောင်းကာလတရားမျှတရေး စသည့်ခေါင်းစဥ်များကို CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပညာပေးဆွေးနွေး ပို့ချပေးခဲ့ကြောင်း သိရသည်။

CDM ဗိုလ်ကြီး ကောင်းသူဝင်းက ဦးဆောင်ပြီး ပေါင်းစည်းလမ်း ပညာပေးသင်တန်းအစီအစဥ်ဖြင့် နိုဝင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့ အထိ ဆွေးနွေးဖလှယ်ခဲ့ကြခြင်းဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်မှ ချိုးဖောက်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ကိုယ်တိုင်ပါဝင်ဖော်ထုတ် ကူညီနိုင်ရန် ရည်ရွယ်ပြီး ပညာပေးအစီအစဉ်များကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က  ဆိုသည်။

စစ်ကောင်စီတပ်မှ အောက်ခြေစစ်သားအများစုအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာများ၊ စစ်အတွင်းလိုက်နာရမည့် ဥပဒေသများ၊ ဂျီနီဗာကွန်ဗင်ရှင်းသဘောတူမှုများ စသည်တို့ကို သိရှိမှုအားနည်းသည့်အတွက် CDM စစ်သား၊ရဲများအား  အသိပညာဗဟုသုတများ ပို့ချဆွေးနွေးခဲ့သည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲ တက်ရောက်လာသူ CDM စစ်သား၊ရဲ အယောက် ၂၀ဦးမှ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့်  စစ်ကောင်စီတပ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများကို ထုတ်ဖော် ဆွေးနွေးခဲ့ကြကာ သိရှိလိုတာများကို မေးမြန်းဆွေးခဲ့ကြကြောင်း ဆိုသည်။

“ ကျနော်တို့ ပြည်သူ့ပန်းတိုင် အနေနဲ့ပေါ့နော်၊ Defector Soldier တွေပေါ့ နောက် Police တွေပေါ့၊ သူတို့တွေကို အခြေခံလူ့အခွင့်အရေးနဲ့ ပတ်သက်တာ နောက်ပြီးတော့ပေါ့နော် international humanitarian law ပေါ့နော်၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ၊ နောက်ပြီးတော့ TJ ပေါ့နော် Transcitional Justice အသွင်ကူးပြောင်းကာလ တရားမျှတရေးပေါ့၊ ဒီခေါင်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ကျန်ဖိုင်းမှာ ၃ ရက်တာ ရက်တိုသင်တန်း ပေးခဲ့တယ်ပေါ့နော်။ ကျန်ဖိုင်းမှာ အယောက် ၂၀ ကိုပေးခဲ့တယ်။ ပြီးတော့ ရိဒ်ခေါဒါမှာလည်း နိုဝင်ဘာ ၈-၉-၁၀ ပေါ့နော်၊ ၃ ရက်ပေါ့။ ရိဒ်ခေါဒါမှာလည်း အဲ့ဒီခေါင်းစဉ်တွေနဲ့ပဲ သင်တန်းပေးခဲ့ပါတယ်။ 

ဒီ Defector တွေကတော့ တပ်ထဲမှာနေတုန်းကလည်း Human Rights နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိရှိနားလည်တာတွေလည်း နည်းတယ်။ နောက်ပြီးတော့ ဒီ Defector တွေအနေနဲ့ တော်လှန်ရေးမှာ ပြန်ပြီးပါတဲ့အချိန်ကျတော့ သူတို့အနေနဲ့ Geneva Convenction တို့၊ IHL တို့လိုဟာမျိုးတွေကို သိရှိနားလည်ဖို့လည်း လိုအပ်တယ်လို့ မြင်တယ်ပေါ့နော်။ ကျနော်တို့ Target ကတော့ Defector အသိုင်းအဝိုင်းပေါ့နော်၊ ဒီလိုမျိုးလေးတွေကို သင်တန်းပေးခြင်း ဖြစ်ပါတယ်။ ကျန်ဖိုင်းမှာကတော့ ၄-၅-၆ ပေါ့နော်။ ရိဒ်မှာကတော့ ၈-၉-၁၀ ဖြစ်ပါတယ်။ “ ဟု သင်တန်းပေးခဲ့သူ ဗိုလ်ကြီးကောင်းသူဝင်းက Chinland Channel ကိုပြောသည်။ 

သင်တန်းတက်ရောက်ခဲ့သည့် CDM စစ်သားနှင့်ရဲများသည် ရပ်ရွာအကျိုးပြုလုပ်ငန်းအနေနှင့် နိုဝင်ဘာ ၆ ရက်နေ့တွင် နယူးကျန်ဖိုင်ရှိ သုသာန်သို့ သွားရောက်ကာ စုပေါင်းမြက်ရှင်း အမှိုက်ကောက်ကာ သန့်ရှင်းရေးလုပ်ဆောင်ပေးခဲ့ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း- Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed