January 29, 2026

ဖလမ်းမြို့နယ်၌ စစ်ကော်မရှင်တပ်နှင့်တိုက်ပွဲအတွင်း CDF-Matupi တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

0

Chinland Channel/ ၁၉ ဇန်နဝါရီလ ၂၀၂၅

ချင်းပြည်၊ ဖလမ်းမြို့နယ်တွင် ချင်းပြည်(Chinland)ကောင်စီအဖွဲ့ဝင် CDF-Matupi မှ ရဲဘော် ဆလိုင်းဇိုးရမ်း (MF/ 00218) သည် ရှေ့တန်းတနေရာ၌ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးကျဆုံးသွားကြောင်း CDF – Matupi မှ ယနေ့တွင် သတင်းထုတ်ပြန်သည်။

ဖလမ်းမြို့အား ပြန်လည်သိမ်းယူရန် ကြိုးစားလာသည် စစ်ကော်မရှင်တပ်သားများနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး MOD-Operation စစ်ဆင်ရေးအတွင်း ဇန်နဝါရီလ ၁၈ရက်နေ့တွင် ရဲဘော်ဆလိုင်းဇိုးရမ်း ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားတော်လှန်ရေးအတွက် ဂတိသစ္စာဆိုခဲ့သည့်အတိုင်း ရဲဘော် ဆလိုင်းဇိုးရမ်း၏ ပေးဆပ်မှုအပေါ် လေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲသည်ဟု CDF – Matupi ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂တွင်လည်း တိုက်ပွဲပြင်းထန်နေသည့် ဖလမ်းမြို့နယ်ထဲတွင် ချင်းပြည်ကောင်စီအဖွဲ့ဝင် CDF – Matupi ၏ စစ်ဦးစီးဌာနမှူး ဆလိုင်းအန်တိုနီလည်း မြင့်မြတ်စွာကျဆုံးခဲ့သေးသည်။

ဖလမ်းမြို့နယ်တိုက်ပွဲများနှင့်ပတ်သက်ပြီး ချင်းပြည်( Chinland Council) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူနှင့် Chin National Defense Force (CNDF) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူအား စာဖြင့်ဆက်သွယ်မေးမြန်းနေသော် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း-Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *