ဖလမ်းမြို့နယ်တိုက်ပွဲအတွင်း CDF-Hualngoram မှရဲဘော် Lalduhsaka ကျဆုံး
Chinland Channel / ၃၁ ၊ ဇန်နဝါရီလ၊ ၂၀၂၆
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုပြည်လည်သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက် ရင်း ရဲဘော် Lalduhsaka ကျဆုံးခဲ့တယ်လို့ CDF-Hualngoram က သတင်းထုတ်ပြန်ပါတယ်။
CDF-Hualngoram ဌာနချုပ်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် A-213 ၊ ရဲဘော် Laluhsaka ဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ခိုက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဖလမ်းမြို့နယ် ( M.O.D) စစ်ဆင်ရေးမှာ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင်ရင်း မနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာကျဆုံးခဲ့ဖြစ်ဖြစ်ပါတယ်။
ပေးအပ်ထားတဲ့တာဝန်များကိုကျေပွန်စွာထမ်းဆောင်ရင်း မိမိအသက်ကိုပေးလှူသွားခဲ့တဲ့ ရဲဘော် Lalduhsaka ကို ရဲဘော်ရဲဘက်နဲ့ CDF-Hualngoram က ဦးညွတ်ဂုဏ်ပြုတယ်လို့ဆိုပါတယ်။
ရဲဘော် Lalduhsaka ရဲ့ရဲစွမ်းသတ္တိနဲ့ စွန့်လွှတ်စွန့်စားမှုကို အစဉ်အောက်မေ့သတိရလျက် ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းကတိပြုခဲ့ကြပါတယ်။
ဒီအမိန့်ပြန်တမ်းထုတ်ပြန်တဲ့ ဇန်နဝါရီလ ၃၁ ရက်ကနေစပြီး ရဲဘော် Lalduhsaka ကို CDF-Hualngoram တပ်ဖွဲ့ ဝင်အဖြစ်ကနေထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းနဲ့ သွားလိုရာသွားနိုင်ပြီဖြစ်ကြောင်းဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နိုဝင်ဘာလ လဆန်းပိုင်းကနေစလို့ ဖလမ်းမြို့ကိုပြည်လည်သိမ်းပိုက် ဖို့ အင်အားအလုံးအရင်းဖြင့်စစ်ကြောင်း နှစ်ကြောင်းထိုးလာလာ ၊ ချင်းပြည် ( Chinland ) ကောင်စီ၊ ကာကွယ်ရေး ဌာန တပ်ဖွဲ့ဝင်များအားလုံးနဲ့ CNO/CNDF က ခုခံနေတာဖြစ်ပါတယ်။
သတင်း – Jessie

