နိုင်ငံတစ်ဝန်း ငလျင်ကြောင့်သေဆုံးသူ ၁,၀၀၀ကျော်လာကြောင်း စစ်ကောင်စီထုတ်ပြန်
Chinland Channel / ၂၉ မတ်လ ၂၀၂၅
နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ ၁,၀၀၀ကျော်ရှိလာကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက် မွန်းတည့် ၁၂ နာရီတွင် သတင်းထုတ်ပြန်သည်။
ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်နှင့်
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နေရာများတွင် ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ကြောင်းသိရသည်။
ထိုငလျင်ဘေးကြောင့် သေဆုံးသူ ၁,၀၀၂ ဦးရှိပြီး ဒဏ်ရာရသူ ၂,၃၇၆ ဦးရှိကာ ၃၀ဦးကျော် ပျောက်ဆုံးနေကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ ထုတ်ပြန်ထားသောစာရင်းများအရ မန္တလေးတိုင်းတွင် အများဆုံးဖြစ်ပြီး မတ်လ ၂၉ ရက် နံနက်ပိုင်းအထိ သေဆုံသူ ၆၉၄ ဦးရှိကာ ဒဏ်ရာရသူ ၁,၆၇၀ ဦး ရှိကြောင်းသိရသည်။
သတင်း- Joshua
ဓာတ်ပုံ- မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီးကော်မတီ


