October 6, 2025

နယူးဒေလီတွင် ချင်းဒုက္ခသည် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

0

Chinland Channel/ ၁၃ သြဂုတ် ၂၀၂၅

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် ဒုက္ခသည်အဖြစ်နေထိုင်သူ အသက် ၃၈ နှစ် အရွယ် Salai Thawng Lian Kap သည် သြဂုတ်လ ၈ရက်နေ့ ညနေ ၆နာရီ အချိန်ခန့်တွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ချင်းဒုက္ခသည်ကော်မတီ(နယူးဒေလီ) ထံမှ သိသည်။

ဖလမ်းကွန်မြူနတီအဖွဲ့ဝင်ဖြစ်သော Salai Thawng Lian Kap သည် နယူးဒေလီမြို့၊ UttamNagar ၊ Jeewan Park ရှိ၎င်း၏ နေအိမ်မှ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ချင်းဒုက္ခသည်ကွန်မြူနတီအသီးသီးမှ လိုက်လံရှာဖွေခဲ့ကြသော်လည်း လေးရက်ကြာ ယနေ့အထိ မတွေ့ရသေးကြောင်းသိရသည်။

အရပ် ၅ပေ၃လက်မခန့်ရှိ Salai Thawng Lian Kap သည် စကားမပြောတတ်သူ ဖြစ်ပြီး ပျောက်ဆုံးချိန် တွင် အနက်ရောင်တီရှပ် ဝတ်ဆင်ထားကြောင်းသိရသည်။

Salai Thawng Lian Kap ကို တွေ့ရှိပါက 8130456257၊ 9863357369 ဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားပေးကြရန် ချင်းဒုက္ခသည်ကော်မတီ(နယူးဒေလီ) က အကူအညီတောင်းထားသည်။

သတင်း-Joshua

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed