October 6, 2025

ထိုင်းနဲ့ကမ္ဘောဒီယားတို့ ချက်ချင်းနဲ့ခြွင်းချက်မရှိအပစ်အခတ်ရပ်စဲရေးသဘောတူ

0

Chinland Channel / ၂၈ ဇူလိုင် ၂၀၂၅

အိမ်းနီးချင်းနှစ်နိုင်ငံဖြစ်ကြတဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာ နယ်စပ်မှာ ငါးရက်ကြာတိုက်ပွဲများဖြစ်ပွားပြီး လူ ၃၃ ဦးထက်မနည်းသေဆုံးပြီး သောင်းနဲ့ချီ အိုးအိမ်စွန့်ခွါ စစ်ဘေးရှောင်မှုတွေဖြစ်ပြီးနောက် နှစ်ဖက်အပစ်အခတ်ရပ်စဲ ရန်သဘောတူခဲ့ကြပြီဖြစ်ပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လ ၂၈ ရက်ညသန်းခေါင်အချိန်ကနေစလို့ ချက်ချင်းနဲ့ခြွင်းချက်မရှိအပစ်အခတ် ရပ်စဲရေးကိုအကောင်အထည်ဖော်ရန်သဘောတူညီခဲ့ကြကြောင်း မလေးရှားဝန်ကြီးချုပ်က ဖျန်ဖြေဆွေးနွေးပွဲ အပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

မကြသေးမီရက်သတ္တပတ်များအတွင်း အိမ်နီးချင်း အရှေ့တောင်အာရှနှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက် လာပြီးနောက် ယခုလိုအပစ်အခတ်ရပ်စဲရန်သဘောတူခဲ့ကြတာဖြစ်ပြီး မလေးရှားဟာ နှစ်ဖက်ဆွေးနွေးညှိနှိုင်းတဲ့ အခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။

ထိုင်းခေတ္တဝန်ကြီးချုပ် Phumtham Wechayachai နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet တို့ဟာ မလေးရှား နိုင်ငံ အုပ်ချုပ်ရေးမြို့တော် Putrajaya ရှိ မလေးရှားဝန်ကြီးချုပ်ရဲ့နေအိမ်မှာ ဒီကနေ့အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဆိုပါဆွေးနွေးပွဲကို အမေရိကန်နဲ့တရုတ်သံအမတ်ကြီးများတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားတို့ဟာ ဒီညသန်းခေါင်းယံကနေစပြီးအပစ်ခတ်ရပ်စဲသွားမှာဖြစ်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ နှစ်ဖက်စစ်ဘက်ဆိုင်ရာတပ်မှူးများတွေ့ဆုံမှုပြုလုပ်သွားမှာဖြစ်ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် Hum Manet က “အလွန်ကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်ပြီး ကောင်းမွန်တဲ့ရလဒ်ကိုရရှိ ထားကာ အသက်များစွာဆုံးရှုံးစေခဲ့တဲ့တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန်မျှော်လင့်တယ်။”လို့ ပြောကြားထားပါ တယ်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မရခင် ၂၄ နာရီအလိုမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုက်ပွဲများ ကိုမရပ်တန့်ပါက ထိုင်း သို့မဟုတ် ကမ္ဘောဒီးယားတို့နဲ့ ကုန်သွယ်မှုဆိုင်ရာသဘောတူချက်များကိုရုပ်သိမ်းမှာဖြစ် ကြောင်း သတိပေးခဲ့ပါတယ်။

ကိုးကား – BBC/ ALJAZEERA
သတင်း – Jessie
ပုံအညွှန်း – ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မလေးရှားဝန်ကြီးချုပ်တို့အားဆွေးနွေးမှုအပြီးတွေ့ရပုံ
ဓါတ်ပုံ – BBC

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed