October 6, 2025

တော်လှန်ရေးလေးနှစ်အတွင်း CDF-Hualngoram ရဲဘော် ၉ ဦးကျဆုံး

0

Chinland Channel / ၇ ဇွန် ၂၀၂၅

ချင်းပြည်နယ်၊ ဟွာလ်ငိုးရမ်းဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF-Hualngoram ကိုစတင်ဖွဲ့စည်း တဲ့အချိန်ကနေ ၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက်နေ့အထိ ၄ နှစ်တာကာလမှာ အကြမ်းဖက်စစ်ကောင်စီကိုတော်လှန်ရင်း ရဲဘော် ၉ ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။

Chinland Defense Force – Hualngoram ဖွဲ့စည်းခြင်း လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် HPO/CDF-Hualngoram ရဲ့ ဒီကနေ့ ဇွန်လ ၇ ရက်နေ့ထုတ်ပြန်ချက်ထဲမှာ ယခုလိုဖော်ပြထားခြင်းဖြစ်ပါတယ်။

CDF-Hualngoram ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ အခက်အခဲ၊ အနှောင့်အယှက် များကြားကနေ စတင်ဖွဲ့စည်းခဲ့ပြီး ဘုရားသခင်ရဲ့ကွယ်ကာလမ်းပြမှုဖြင့် စစ်ရေး၊ နိုင်ငံရေးစိန်ခေါ်မှုများစွာကျော်ဖြတ်ရင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ လေးနှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

CDF-Hualngoram ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှကိုအမြစ်ပြတ်ချေမှုန်းနိုင်ရေးနဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ မဟာမိတ်များနဲ့အတူ တက်ညီလက်ညီတိုက်ပွဲဝင်လျက်ရှိရာ ဟွာလ်ငိုးရမ်းဒေသအတွင်း ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းအားလုံးကို ၂၀၂၃ ခုနှစ်မှာသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာချင်းပြည်အတွင်းကျန်ရှိနေသေး တဲ့ စစ်ကောင်စီတပ်များကို ဆက်လက် တော်လှန်တိုက်ပွဲဝင်နေတဲ့အပေါ် ဂုဏ်ယူတယ်လို့ဆိုပါတယ်။

အဆိုပါ လေးနှစ်တာကာလမှာ အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရင်း အာဇာနည်ရဲဘော် ၉ ဦးကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ကြတဲ့အပေါ် မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေင်း၊ ဟွာလ်ငိုးရမ်းဒေသအတွင်းနေ ထိုင်ကြတဲ့ ပြည်သူများရဲ့အနာဂတ်သာယာဝပြောရေးအတွက် CDF-Hualngoram ရဲဘော်များရဲ့ အသက်၊သွေး ၊ ချွေး ပေးဆပ်ခဲ့မှုအပေါ်ပြည်သူများက အစဉ်အောက်မေ့သသိရနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဟွာလ်ငိုးရမ်ဒေသတွင်းရှိပြည်သူများနဲ့ ကမ္ဘာတစ်ဝှမ်းရှိ HPO/CDF-Hualngoram Supporters များဟာ မိမိတို့ရဲ့ဘိုးဘွားစဉ်ဆက်အမွေအနှစ်ဖြစ်တဲ့ ဟွာလ်ငိုးရမ်း ( Hualngoram ) ဟာ စောင့်ထိန်းရန်နဲ့ ဒေသတွင်းပြည်သူများရဲ့ တန်းတူအခွင့်အရေးအတွက် ဘုရားသခင်အား ကြေက်ရွံ့ ဆက်လက်တော်လှန်ချေမှုန်း သွားဖို့တိုက်တွန်းထားပါတယ်။

သတင်း – Jessie
ဓါတ်ပုံ – HPO/CDF-Hualngoram

About The Author

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed